ကချင်ပြည်နယ်မှ တွေ့ရှိသည့် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့မျိုးရင်း
ပန်ဒါ(နီ)တစ်စုံအား တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၌
ထားရှိပြသမည်မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် ချီဘွေမြို့နယ်
ပန်ဝါဒေသရှိ တောအတွင်းမှ ရှားပါးပျောက်ကွယ်လု နီးပါးဖြစ်နေသည့် ပန်ဒါ(နီ)
တစ်စုံအား ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ပန်ဒါ(နီ) အထီးအမ တစ်စုံသည်
မြန်မာနိုင်ငံမျိုးရင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေသည့်အတွက် စနစ်တကျ ထိန်းသိမ်းမွေးမြူသွားမည် ဖြစ်ကြောင်း သိရသည်။
“ပန်ဒါနီတွေဟာ ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၆၀၀၀မှ ၁၆၀၀၀ အကြားရှိ အေးမြတဲ့ ဟိမ၀န္တာ သမပိုင်းတောတွေမှာ နေထိုင်လေ့ရှိ ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ သဘာဝနဲ့ကိုက်ညီအောင် အအေးခန်းနဲ့ ထားရှိသွားမှာပါ”ဟု တိရစ္ဆာန်များဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပန်ဒါ(နီ)များသည် နီညိုရောင် အမွှေးပွများဖြင့် ဖုံးလွှမ်းနေသည့် အတွက် လှပနူးညံ့ပြီး ကိုယ်ခန္ဓာမှာ အလျား နှစ်ပေခန့်ရှိပြီး အ၀ါရောင် အစင်းကျားများ ပါဝင်သည့်အမြီးမှာ တစ်ပေခွဲခန့် ရှည်လျားကာ သစ်ပင်များပေါ်တွင်သာ နေထိုင်သွားလာ စားသောက်လေ့ရှိကြောင်း သိရသည်။
ယခုအခါတွင် သဘာဝတော အတွင်းရှိ ပန်ဒါနီအရေအတွက် ကျဆင်းလာနေပြီးမျိုးသုဉ်းရန် အန္တရာယ် ရှိနေသဖြင့် သစ်တောဦးစီးဌာနမှ ၁၉၉၄ ခုနှစ်တွင်ပန်ဒါ(နီ)များအား လုံးဝကာကွယ်ထားသည့် တိရစ္ဆာန် အဖြစ် သတ်မှတ်ထားသည်။

Source:FB
No comments:
Post a Comment