မူလစာမျက်နှာ

Friday, 4 May 2012

၁၃၇၄ ခုနှစ် ကဆုန်လဆန်း(၁၄)ရက် မန္တလေးမြို့ ရွှေကြက်ယက် ညောင်ရေသွန်း










မန္တလေး မေ ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရား၏ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့မွန်းလွဲတွင် စတင်ကျင်းပ ပြုလုပ်သည်။
ပွဲတော်အခမ်းအနားတွင် စိန်တုန်းကျေးရွာမှ ဦးဆောင်ကာ ဒေသခံရွာပေါင်း ၁၄ ရွာမှ ရွာသူရွာသားများက ရှေးမူမပျက် ဝင်းခင်း၍ စုပေါင်းလှည့်လည်ကာ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရား၏ ကုန်းတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် အခမ်းအနားဖြင့် ကဆုန်ညောင်ရေ သွန်းလောင်းကြသည်။

ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရား၏ ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရေးအတွက် ဒေသခံ ကျေးရွာများဖြစ်သည့် စိန်တုန်း၊ ကိုးသင်း၊ မိုးကောင်း၊ ရွှေလေး၊ ရွှေလောင်း၊ ရွှေဒင်၊ ခဝါတော်၊ ရွာသစ်၊ ပတ္တမြား၊ ရွှေလေးကွက်သစ်(၁)၊ ရွှေဟင်္သာ၊ သပြေတန်း၊ အောင်ချမ်းသာ၊ သက္ကယ်သောင် ရွာများမှ မဲစနစ်ဖြင့် ဦးဆောင် ဝင်းခင်းလှည့်လှည်ခွင့် ရသည့် အမှတ် (၁)၊ (၂) နှင့် နောက်ဆုံးမှ စီတန်း လှည့်လှည်ရမည့်နေရာများကို ကြိုတင်ရွေးချယ်ကာ နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း ပွဲတော်တာဝန်ရှိသူ တစ်ဦးမှ CJ သို့ပြောကြားသည်။
ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရား၏ ကဆုန်ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ နှင့် ၁၅ ရက်နေ့များတွင် ကျင်းပပြုလုပ်ကာ ဒေသခံကျေးရွာများမှ ရွာသူရွာသားများ၊ အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာ ဧည့်သည်များ၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျှက်ရှိသည်ကို တွေ့ရသည်။

Source:FB

No comments:

နေ့မှာ