မူလစာမျက်နှာ

Friday, 4 May 2012

ဦးဝိစာရလမ်း (မြေနီကုန်း) ချဲ့








ရန်ကုန်မြို့တော်၏ အလှပဆုံး လမ်းတစ်လမ်း ဖြစ်သည့် ဦးဝိစာရ လမ်းလယ်ကျွန်းပေါ် ဓမ္မစေတီ လမ်းဆုံအနီးရှိ သက်တမ်း ၇၅ နှစ်ကျော် ရှိနေပြီ ဖြစ်သည့် အဖိုးတန် အရိပ်ရ ရေတမာပင်နှင့် ခရေပင်ကြီးများအား မြို့တော် စည်ပင်သာယာရေး ကော်မတီက ခုတ်လှဲပစ်နေသည်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ရသည်။ မော်တော်ယာဉ်များ ကြပ်တောက်လာခြင်းကြောင့် လမ်းကျဉ်းလာသည်ဟု ယူဆကာ လမ်းကို ချဲ့ထွင်ခြင်းသည် မော်တော်ယာဉ်များ စည်းကမ်းတကျ ရပ်နားစေရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန် စီမံခန့်ခွဲရေး မလုပ်ဘဲ အလွယ်လမ်း လိုက်ခြင်း ဖြစ်ပြီး တစ်နည်း ဆိုရပါက ခြေထောက်နှင့် သေးနေသော ဖိနပ်ကို စီးနိုင်ရန် ဖနောင့်ကို လှီးပစ်သည့် သဘော ဖြစ်သည်ဟု မြို့ပြဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
Source:FB

No comments:

နေ့မှာ