အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေးနဲ့ ပညာဒါနကျောင်းအဖွဲ့ (NLD – BD)
အဖွဲ့ကို သူတို့ရဲ့ သင်္ကြန်အလှပြယာဉ်နဲ့အတူ မြန်မာပြည်သူလူထုက
သတိထားမိခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေးနဲ့
ပညာဒါနကျောင်းအဖွဲ့ (NLD – BD) အဖွဲ့ဟာ အခုအခါမှာ
အမှိုက်ကောက်ကလေးငယ်လေးများအတွက် စာရိတ္တ မြှင့်တင်ရေးနဲ့ ယဉ်ကျေးလိမ္မာရေး
လုပ်ငန်းများ အတွက် အသုံးပြုရန် တိုးချဲ့ဆောင်တခု ထပ်မံ ဆောက်လုပ်နေကြောင်း
သတင်းရရှိပါတယ်။ တိုးချဲ့ဆောင် ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်ကိုတော့
သင်္ကြန်အလှပြယာဉ်အား ချီးမြှောက် လှူဒါန်းငွေများထဲမှ အသုံးပြုနေတာ
ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ မြန်မာ့နိုင်ငံရေး
အပြောင်းအလဲ လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသလို
လူငယ်အဖွဲ့ဝင်များနဲ့ အဖွဲ့ခွဲများကတော့ လူ့အခွင့်အရေး
ချိုးဖောက်မှုဆိုင်ရာကိစ္စများ၊ အခြေခံပြည်သူများရဲ့ လူမှုရေး၊
ပညာရေးဆိုင်ရာကိစ္စရပ်များကို တနိုင်တပိုင် လုပ်ကိုင် ဆောင်ရွက်လျက်
ရှိပါတယ်။
Tuesday, 1 May 2012
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သွေး အကူအညီပေးရေးနဲ့ ပညာဒါနကျောင်း လှုပ်ရှားမှုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment