၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၊ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့်မြန်မာအမျိုးသားကွန်ကရက်ပါတီ တို့ ပူးပေါင်းမဟာမိတ်ပြုထားသည့် ၈၈မျိုးဆက်ညီနောင်ပါတီများပြုလုပ်သည့် အလုပ်သမားနေ့ အခမ်းအနားကို မေလ ၁ ရက် အလုပ်သမားနေ့က ရွှေဂုံတိုင်ရှိ ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် အဆိုပါ ပါတီများမှ တာဝန်ရှိသူများဖြစ်ကြသည့် ဦကောင်းမြင့်ထွဋ် ၊ ဦးဇင်အောင်၊ ဦးရဲထွန်း၊ ဦးအေးလွင်တို့မှ အလုပ်သမားနေ့နှင့်ပက်သက်၍ အသီးသီး အမှတ်တရစကားများပြောကြား ခဲ့သည်။ ယင်းအပြင် ၄င်းတို့လေးပါတီပူးပေါင်းထားသည့် ၈၈ မျိုးဆက်ညီနောင်များပါတီ၏ အချက် ၅ ချက်ပါ အလုပ် သမား နေ့ထုတ်ပြန်ကြေညာချက်အမှတ် ၁/ ၂၀၁၂ ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် အလုပ်သမားများ၏ လူမှုဘသလိုအပ်ချက်များ ဖြည့်ဆည်းဖော်ဆောင်ပေးရေး နှင့်ထိခိုက်နစ်နာမှုများ အတွက် ရပ်တည် ကာကွယ်ပေးရေးတို့ကို အလုပ်သမားထုနှင့်လက်တွဲဆောင်ရွက်သွားမည်ဆိုသည့် အချက်တစ်ချက် လည်းပါဝင်ကြောင်းသိရသည်။ ၄င်းတို့နည်းတူ မေလ ၁ ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် စက်မှုဇုန်နှင့် တောင်သူစိုက်ပျိုးရေးအလုပ်သမားများအဖွဲ့မှလည်း အလုပ်သမားနေ့အခမ်းအနာကို ပြုလုပ်ခဲ့ပြီး အချက် ၇ချက်ပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သလို ၊ လွတ်လပ်သောအလုပ် သမားအဖွဲ့ အစည်းများ ပေါ်ပေါက်ရေး အဖွဲ့ မှလည်းအလုပ်သမားနေ့အခမ်းအနားကိုပြုလုပ်ခဲ့ကာ အချက် ၁၃ ချက်ပါ ထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။
Source:FB





No comments:
Post a Comment