မူလစာမျက်နှာ

Thursday, 3 May 2012

ဒေါ်အောင်ဆန်းစုကြည် ပါလီမန်တွင် ပါဝင်လာခြင်းကို မစ္စကလင်တန် ချီးကျူးပြောဆို

  မေ - ၃

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ၀င်ရောက်လာခြင်းမှ မြန်မာနိုင်ငံအတွက် အရေးကြီးသော အဆင့်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်က ချီးကျူးပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲမှုများ ထပ်မံလုပ်ဆောင်ရန် တိုက်တွန်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် အားပါလီမန်အမတ်တစ်နေရာ ရရှိစေခဲ့သော ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ခွင့်ပြုခဲ့ခြင်း အတွက်လည်း မစ္စကလင်တန်ကသမ္မတဦးသိန်းစိန် အား ချီးကျူးပြောဆိုသည်။ သို့သော် အမေရိကန်က ၂၀၁၅ ခုနှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲကို လှမ်းမျှော်ကြည့်ရှုနေကြောင်း ဘေဂျင်းတွင် ရောက်ရှိနေသည့် မစ္စကလင်တန်က ရှင်းရှင်းလင်း လင်းပြောသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ဒါဟာ အရေးကြီးတဲ့ အခိုက်အတန့်ပါ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆီသို့ ဦးတည်ပြီး ပါတီစုံဒီမိုကရေစီ စနစ်ဆီသို့ အမှန်တကယ် အသွင်ကူးပြောင်းခြင်းကနေပြီး ပိုပြီးကြီးပွားချမ်းသာတဲ့ လူ့အဖွဲ့အစည်းကိုကူညီထူထောင်ပေးပါလိမ့်မယ်” ဟုမစ္စကလင်တန်က ထုတ်ပြန်ချက်တစ်ရပ် တွင် ပြောကြားသည်။

စိန်ခေါ်မှုတွေကို ကျော်လွှားသွားရန်နှင့် ပို၍ဒီမိုကရေစီဆန်သည့် လွတ်လပ်သော ငြိမ်းချမ်းသော ကြီးပွားတိုးတက်သော အနာဂတ်အတွက် အခွင့်အရေးများကို ဆုပ်ကိုင်နိုင်ရန် နိုင်ငံရေးပါတီများအားလုံး အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များ အားလုံးအတူတကွ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း မစ္စကလင်တန်က တိုက်တွန်းပြောကြားသည်။

Source:FB

No comments:

နေ့မှာ