မူလစာမျက်နှာ

Thursday, 3 May 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တက်ခြင်းအပေါ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဝီ လီယံဟ့ဂ် ၏ မှတ်ချက် "

 ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD လွှတ်တော်အမတ်တွေ ယနေ့ မြန်မာပါလီမန်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာကို ကြိုဆိုပါတယ်။ ဒါဟာ တကယ့်သမိုင်းဝင် ဖြစ်ရပ်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်က သမ္မတဦးသိန်းစိန် စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ကောင်းပဲ ဖြစ်ပါတယ်။ ဒီနေ့အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး၊ ဒီမိုကရေစီစနစ်ဖြစ်လာရေးအတွက် နောက်ထပ် ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ လွှတ်တော်အမတ်တွေအားလုံး ပါဝင်ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဘက်ပေါင်းစုံက အပြုသဘောနဲ့ ပါဝင်လာရေး ကျွန်တော်မျှော်လင့်ပါတယ်။ ပူပန်စရာတွေတော့ရှိနေပါသေးတယ်။ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားအချို့ရှိနေသေးတာတွေ၊ ကချင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပဲဖြစ်ပါတယ် ဒီအရေးကြီးတဲ့ ကိစ္စတွေကိုလည်း အလျှင်အမြန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"
Source:FB

No comments:

နေ့မှာ