မူလစာမျက်နှာ

Wednesday, 2 May 2012

မြန်မာဂျာနယ်လစ်ကွန်ရက်၏ ပထမအကြိမ် ညီလာခံကျင်းပ






မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ၏ ပထမအကြိမ် ကွန်ရက်ဝင်များ ညီလာခံကို မေလ ၂ ရက် က ဗဟန်းရွှေဂုံတိုင်ရှိ ယုဇနဟိုတယ် ဒုတိယထပ်တွင် နံနက် ၉နာရီမှ ညနေ ၄နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ ညီလာခံသို့ မြန်မာဂျာနယ်လစ်ကွန်ရက်ဝင်သတင်းသမားများနှင့် စိတ်ပါဝင်စားသည့် သတင်း သမား ၁၀၅ဦးတက်ရောက်ခဲ့ပြီး ကွန်ရက်၏ဖွဲ့စည်းပုံမူကြမ်းအားပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းနှင့် လုပ်ငန်း ကော်မတီဝင်အသစ်ပြန်လည်ရွေးချယ်ခြင်းများကို တက်ရောက်လာသည့် သတင်းသမားများ၏ ဆန္ဒမဲဖြင့်ရွေး ချယ်အတည်ပြုခဲ့ကြောင်းသိရသည်။ လုပ်ငန်းကော်မတီဝင်အဖြစ် တက်ရောက်လာသည့် ဂျာနစ်လစ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခံခဲ့ရသူများ မှာ ကိုအောင်သူရ (7days news Journal)၊ ကိုသာလွန်ဇောင်းထက် ( Venus news Journal)၊ ကိုခွန်းသု ( The Voice Weekly Journal)၊ မဇင်မာလာဌေး ( The Voice Weekly Journal)၊ ကိုသူရမျိုး(Yangon Press International)၊ ကိုဇောက်ထိုက်(Yangon Time Journal)၊ ကိုထက်ခေါင်လင်း(မြန်မာပို့စ်ဂျာနယ်)၊ ကိုမင်း ထက်စံ(The Voice Weekly Journal)၊ကိုကျော်ဇေယျာထွန်း( The Express Time Journal)၊ မအိမ့်ခိုင်ဦး (Yangon Press International)၊ ကိုစောမြင့်သန်း(ပေါက်တော)(Flower news Journal)၊ ကိုထက်နိုင် ဇော်(Venus news Journal)၊မတင်ဇာဇော်( Popular news Journal)၊ မမြတ်စုမွန်(7days news Journal)၊ မဝေမာသိမ့်( Yangon Time Journal)၊ ကိုဥက္ကာကိုကို (7 days news Journal)၊ ကိုသန်းဌေး(7days news Journal) တို့ဖြစ်ကြောင်းသိရသည်။
Source:FB

No comments:

နေ့မှာ