မူလစာမျက်နှာ

Wednesday, 2 May 2012

သောက်သုံးရေအတွက် စက်ရေတွင်း လှူဒါန်းမှု


သုံးခွမြို့နယ်က ရေအခက်အခဲ ကြုံနေသူများကို ကူညီဖို့ စက်ရေတွင်း တတွင်း တူးရာမှ ထည့်သွင်းပေးပါဆိုပြီး တိုင်းရင်းသူလေး မ မေလာနီမီးငယ်နဲ့ သူငယ်ချင်း တသိုက်က အလှူကူညီငွေ ကျပ်သုံးသိန်းကို အိမ်တိုင်ရာရောက် လာပို့သွားပါတယ်။

ကျနော် လက်ခံရယူထားပြီး ခုရက်ပိုင်းအတွင်း ရွာ တရွာရွာ အတွက် စက်ရေတွင်းတူးရာမှာ ထည့်သွင်း အသုံးပြုမယ့် အကြောင်း ဒီစာမျက်နှာကနေ မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြပါတယ်။

ဥပဒေတွေ ခေတ်ဟောင်း စနစ်ဟောင်းက အုပ်ချုပ်မှု နည်းလမ်းတွေ အရတော့ အခုလို အလှူငွေကို လက်ခံပိုင်ခွင့် မရှိပါဘူး။

ဒီနေ့တော့ ခေတ်သစ် စနစ်သစ်မှာ ကျနော့်ကိုယ် ကျနော် ရိုးဖြောင့် တည်ကြည်မှု အာမခံချက်နဲ့ လုပ်စား၊ ဂွင်ရိုက်၊ ဒုက္ခသည် ဗန်းပြ မျောက်ပြ ဆန်တောင်း၊ ပရဟိတနဲ့ ကိုယ်ကျိုးရှာတာမျိုး လုံးဝ မဖြစ်ပေါ်အောင် ကိုယ့်သိက္ခာ ကိုယ်ထိန်းသိမ်းပါမယ် လို့ ညီမ မမောနီမီးငယ်တို့ကို ကတိပေးပြီး ခုရက်ပိုင်းအတွင်းမှာပဲ ဒီငွေနဲ့ ရေအလှူတခုခုမှာ ထိရောက်စွာ အသုံးပြုဖို့ စီစဉ်နေပါတယ်။

ကျပ်ငွေ ...........သုံးသိန်း .................တိတိပါ ခင်ဗျား။

အားလုံး သာဓု ခေါ်ဆိုနိုင်ပါစေ။ ကျနော့်ကို ယုံကြည်မှုနဲ့ ပေးအပ်လာတဲ့ အများအကျိုးပြု တာဝန်ကို ဖေါက်ပြန်အလွဲသုံးခြင်း မပြုမိအောင် ကျနော့်ကိုယ် ကျနော် ထိန်းသိမ်းပါမယ်ခင်ဗျား။
Source:FB

No comments:

နေ့မှာ