မူလစာမျက်နှာ

Friday, 27 April 2012

တရားရုံးခြံဝင်းအပြင်မှ ဓါတ်ပုံရိုက်ကူးခဲ့သော Weekly Eleven သတင်းထောက်အား ခေါ်ယူသတိပေး၍ ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည်


PDF Print
Friday, 27 April 2012 16:41

Weekly Eleven သတင်းထောက် ဓါတ်ပုံရိုက်ကူးခဲ့သည့် ဒဂုံမြို့နယ်တရားရုံးပြင်ပ ပလက်ဖောင်းနေရာ
ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် The Voice Weekly ဂျာနယ်၏ အမှုရုံးချိန်းအား သွားရောက်သတင်းရယူခဲ့သည့် Weekly Eleven သတင်းထောက် ကိုဇင်ဘိုလွင်က တရားလိုနှင့် တရားလိုရှေ့နေများကို သတင်းဓါတ်ပုံရိုက်သည့်အပေါ် ဒဂုံမြို့နယ် တရားသူကြီးနှင့် တွဲဘက်မြို့နယ် တရားသူကြီးတို့က ခေါ်ယူသတိပေး၍ ဓါတ်ပုံများ ဖျက်ခိုင်းခဲ့သည်။ သတင်းရယူခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူခြင်းနှင့်ပတ်သက်၍ တရားရုံးပြင်ပ Public Area မည်သည့်နေရာတွင်မဆို အမှုနှင့်ပတ်သက်သူများကို ဓါတ်ပုံရိုက်ကူးခွင့်ရှိပါသည်။
ထို့ကြောင့် Weekly Eleven သတင်းထောက်အနေဖြင့် တရားရုံးခြံဝင်းအပြင် လမ်းမ ပလက်ဖောင်းပေါ်မှသာ ရိုက်ကူးခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခေါ်ယူသတိပေး၍ ဓါတ်ပုံများကို ဖိအားပေး ဖျက်ခိုင်းခဲ့သော ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်၊ တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်ရီရီဆွေတို့အား Weekly Eleven မှ တရားဝင် ကန့်ကွက်သွားပါမည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားသည့်အမှုရုံးချိန်းဖြစ်ပြီး အဆိုပါဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၇)နံနက် ၁၁ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
Source:FB

No comments:

နေ့မှာ