မူလစာမျက်နှာ

Friday, 6 April 2012

အစိုးရနှင့် ဆွေးနွေးမှု အားရဖွယ်ရှိသည်ဟု KNU ပြော

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့်
မြန်မာအစိုးရအကြား သောကြာနေ့မနက် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားရကျေနပ်ဖွယ် ရှိကြောင်း KNU ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမုတြော် က ပြောသည်။

“ဒါပေမယ့် ဆွေးနွေးတဲ့အကြောင်းအရာက တအားခက်ပြီးတော့ နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့အခါကျတော့ ထင်သလောက်တော့ ခရီးက မပေါက်ဘူး။ ဒါပေမယ့် နားလည်မှုတွေ ရှိတဲ့အခါကျတော့ ကျမထင်တယ် ဒီဥစ္စာ ကောင်းတဲ့အလားအလာ ဖြစ်တယ်ဆိုတာ” ဟု ဆွေးနွေးပွဲတွင်း အခြေအနေများကို ပြောဆိုခဲ့သည်။

ဆွေးနွေးနေမှုဖြစ်စဉ်တွင် အရေးကြီးဆုံး အချက်အနေဖြင့် ယုံကြည်မှု တည်ဆောက်နိုင်ဖို့သာ ဖြစ်ကြောင်းကိုလည်း
ပြောဆိုခဲ့သည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးဆဲဖြစ်ပြီး
သောကြာနေ့ ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။
Source:mizzimaburmese

No comments:

နေ့မှာ