Friday, 06 April 2012 12:14
“ ဧပြီ (၂) ရက်နေ့က ကျင်းပတဲ့ ကရင်အမျိုးသား ညီလာခံ အပြီးပေါ့လေ၊ ညီလာခံကနေ ချမှတ်လိုက်တဲ့ လမ်းစဉ် စည်းကမ်း၊ လုပ်ငန်းလမ်းစဉ်က တပ်ဖက်ဆိုင်ရာတွေ သိရှိအောင် ကျင်းပတဲ့ တပ်မှူးများ အစည်းအဝေးက အဲဒီနာမည်ကို ပြောင်းလဲပေးလိုက်တာပါ။” ဟု (ဗိုလ်မှူးကြီးဆန်းအောင်ကိုယ်စား) ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးထွန်းထွန်း ကဆိုပါသည်။
ယင်းတပ်မှူးများ အစည်းအဝေးကို ဗိုလ်ချုပ်စောလားဖွယ်က ဦးဆောင်ပြီး၊ သဘာပတိများအဖြစ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Klohhtoobor Karen Organization) ဥက္ကဌ မန်းရောဘတ်စံ တို့က တက်ရောက်ကြပါသည်။ ဤအစည်းအဝေးသို့ ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ်မှ တပ်မှူးများ၊ ကလို့ထူးလား စစ်ကွပ်ကဲရေး ဌာနချုပ်မှ တပ်မှူးများနှင့် ကလို့ထူးဘော စစ်ဌာနချုပ် တပ်မှူးများ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ပါသည်။
ယင်းအစည်းအဝေးတွင် ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Klohhtoobor Karen Organization) ဖွဲ့စည်းရ ခြင်းအကြောင်းကို တပ်မှူးများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အပြင်-
(က) တပ်တွင်းကိစ္စများ၊
(ခ) ရှေ့လုပ်ငန်းစဉ်များ၊
(ဂ) နယ်မြေဒေသဖွံ့ဖြိုးရေးများ၊
(ဃ) လူထုစည်းရုံးရေးများနှင့်
(င) စစ်အေးကာလ လှုပ်ရှားမှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
DKBA သည်၊ ပြီးခဲ့သည့် ဇန္နာဝါရီက အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူပြီးနောက်ပိုင်း ၊ နိုင်ငံရေးအရ (KKO)ကို ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ရေးအရတွင်လည်း အခြေအနေနှင့် အချိန်အခါအရ တပ်နာမည်ပြောင်းလဲခြင်းနှင့် အတူ တပ်များ အသစ် ပြန်လည် စုဖွဲ့နိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်ဖြစ်သည်။
Source:phophtaw
No comments:
Post a Comment