မူလစာမျက်နှာ

Friday, 27 April 2012

စိုင်းနော်ခမ်း လာအိုတွင် ဖမ်းမိ၊ တရုတ်နိုင်ငံသို့ လွှဲလိုက်ပြီ – drug lord suspect nabbed in Laos


ဘန်ကောက်ပို့စ်
ဧပြီ ၂၇၊ ၂၀၁၂

ထိုင်းနိုင်ငံက အလိုရှိဆုံး မူးယစ်ရာဇာစာရင်းတွင် ထိပ်ဆုံးက ပါဝင်နေသော စိုင်းနော်ခမ်းအား သူ၏နောက်လိုက် ၇ ဦးနှင့်အတူ လာအိုနိုင်ငံတွင် ဖမ်းဆီးရမိလိုက်သည်။

ယမန်နေ့က ဖမ်းမိခြင်းဖြစ်သည်ဟု ထိုင်းလုံခြုံရေး သတင်းရပ်ကွက်ထံမှ သိရသည်။
Bokeo ပြည်နယ်၊ Tonpheung ခရိုင် Ban Mom ဒေသ အာဏာပိုင်တို့က ၎င်းတို့အား ၀င်ရောက် စီးနင်းခြင်းဖြစ်သည်။
ထိုဒေသသည် ရွှေတြိဂံဒေသတွင် ပါဝင်ပြီး တာချီလိတ်မြို့အနီးတွင် တည်ရှိသည်။
၎င်းတို့အား တရုတ်နိုင်ငံသို့ လွှဲပြောင်းလိုက်ကြောင်း ထိုင်း လုံခြုံရေးသတင်းရပ်ကွက်က ပြောသည်။
လာအို နှင့် တရုတ်တို့ နှစ်နိုင်ငံ ကြိုတင်သဘောတူညီချက်အရ ထိုသို့လွှဲပြောင်းခြင်းဖြစ်သည်ဟု ဆိုသည်။
စိုင်းနော်ခမ်းသည် မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘောများအား ဓားပြတိုက်ခြင်း၊ သင်္ဘောသားတို့အား သတ်ဖြတ်ခြင်းအမှု အများအပြားအတွက် တာဝန်ရှိသူအဖြစ် တရုတ်အာဏာပိုင်တို့က ယူဆထားသည်။
ချင်းရိုင်း ခရိုင် ရဲမှူးကြီး Surachet Thopoonyanont က ထိုင်းနိုင်ငံသည် နော်ခမ်းအား မူးယစ်မှုများဖြင့် ၀ရမ်းထုတ်ထားပြီးဖြစ်ကြောင်း၊ အနာဂတ်တွင် သူ့အား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပြီး စစ်ဆေး တရားစီရင်
ရန် တောင်းဆိုနိုင်ကြောင်း ပြောသည်။
နော်ခမ်း၏ အမျိုးသမီးအဖော်အား ဧပြီလ ၁၃ ရက်နေ့က ထိုဒေသတွင် စိတ်ကြွဆေး အလုံးရေ တသန်း၊ ရွေ တကီလို၊ ထိုင်းဘတ်ငွေ ၇၄ သန်းဖြင့် ဖမ်းဆီးရမိသည်ဟု တခြား သတင်းရပ်ကွက်တခုက ဆိုသည်။
သို့သော်လည်း ဖမ်းဆီးသည့်အဖွဲ့က အထက်အာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းရာတွင် ငွေ ၄၄ သန်း ပျောက်နေသည်ဟု ဆိုသည်။
နော်ခမ်းအား မြန်မာနိုင်ငံ အာဏာပိုင်တို့ကလည်း အလိုရှိနေသည်။

(ဘန်ကောက်ပို့စ် သတင်းအား ညွန့်ထွေး ကောက်နုတ် ဘာသာပြန်သည်)
Sourwce:moemaka

No comments:

နေ့မှာ