မိတ်ဆွေ
သင်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် သူကြွယ်တစ်ဦးပါလား။
သင့်ကြွယ်ဝမှုရဲ့
အချို့အစိတ်အပိုင်းတွေဟာ
ကျွန်ုပ်တို့ဆင်းရဲသားပြည်သူလူထ
ပတ်သက်ဆက်နွှယ်မှု
အနည်းငယ်တော့ ရှိတယ်ဆိုတာ
သင်သိပါရဲ့လား။
မိတ်ဆွေ
သင်ဟာ မြန်မာနိုင်ငံရဲ့
Top Ten စာရင်းဝင်
စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်
အနုပညာသည် တစ်ဦးပါလား။
သင့်ဘဝကျော်ကြားမြင့်မားစေဖို့
ကျွန်ုပ်တို့ ပြည်သူလူထုရဲ့
အားပေးချီးမြှင့်မှုဟာ
အဓိကဆိုတာ
သင်သိပါရဲ့လား။
မိတ်ဆွေ
သင်ဟာ မြန်မာနိုင်ငံရဲ့
ဌာနကြီးတစ်ခုခုမှာ
ရာထူးတာဝန်ထမ်းဆောင်ခြင်းဖြင့်
သင့်ဘဝအနေမြင့် အခြေတင့်ခဲ့တာဟာ
ကျွန်ုပ်တို့ ဆင်းရဲသားပြည်သူလူထုရဲ့
ကျေးဇူးတရားကြောင့်သာဆိုတာ
သင်သိပါရဲ့လား။
မိတ်ဆွေတို့အားလုံး
ဒီရေ၊ဒီမြေရဲ့ကျေးဇူးသစ္စာနှင့်
ကျွန်ုပ်တို့အပေါ်
ဘယ်လောက်တာဝန်
ပြန်လည်ကျေပွန်မလဲဆိုတာ
၂ဝ၁၂ ဧပြီ ၁ ရက်နေ့မှစ၍
ကျွန်ုပ်တို့အသည်းတွင် ကမ္ဗည်းတင်
မှတ်တမ်းရေးထိုးလိုက်ပါပြီ
လေးစားပါတယ်မိတ်ဆွေ။
ဆောင်းဦးလှိုင်
No comments:
Post a Comment