မူလစာမျက်နှာ

Tuesday, 3 April 2012

“မနောဒွါရထက်က တစ်ခုသော အာရုံ”

Source:FB
အနစ်နာခံခဲ့သူတွေနဲ့
အခွင့်အရေးသမားတွေကို
ရောသမမွှေလိုက်တဲ့အခါ
အနစ်နာခံခဲ့သူတွေပဲ
ဆက်ပြီး အနစ်နာခံရတတ်ပါတယ်။

ကိုယ်ကျိုးစွန့် ခဲ့သူတွေနဲ့ 
ကိုယ်ကျိုးရှာသမားတွေကို
ရေသမမွှေလိုက်တဲ့အခါ
ကိုယ်ကျိုးစွန့်ခဲ့သူတွေပဲ
ဆက်ပြီး ကိုယ်ကျိုးစွန့်ရတတ်ပါတယ်။

သည်းခံတတ်သူတွေနဲ့ 
အနိုင်ကျင့်တတ်သူတွေကို
ရောသမမွှေလိုက်တဲ့အခါ
သည်းခံတတ်သူတွေပဲ
ဆက်ပြီး သည်းခံရတတ်ပါတယ်။

လေးလေးနက်နက်
တွေးဆဆင်ခြင်တတ်သူတွေနဲ့ 
ဟေးလားဝါးလား
ပေါ့ပေါ့ပါးနေတတ်သူတွေကို
ရေသမမွှေလိုက်တဲ့အခါ
တွေးဆဆင်ခြင်တတ်သူတွေပဲ
ဆက်ပြီးတွေးတော
ရင်မောနေရတတ်ပါတယ်။

ဒီလိုနဲ့ ပဲ
ဆက်ပြီး အနစ်နာခံ
ဆက်ပြီး ကိုယ်ကျိုးစွန့်
ဆက်ပြီး သည်းခံ
ဆက်ပြီး တွေးဆဆင်ခြင်နဲ့
သမိုင်းရဲ့ စာမျက်နှာသစ်တွေလည်း
ဝေဆာပွင့်လန်းခဲ့ပေါ့။

ဒီလိုပါပဲ
ပါရမီဆိုတာ
‘ဖြည့်ဘက်’ ရှိမှ ပြည့်ရစမြဲမို့ 
ဖြည့်ခဲ့သမျှအတွက် အရှုံးအမြတ်မတွက်
‘ဖြည့်ဘက်’တွေအပေါ် အမုန်းမဖက်
အသက်နဲ့ ခန္ဓာမငဲ့ကွက်
နှလုံးအက်နေပေမယ့်
အပြုံးမပျက်ခရီးဆက်
အောင်ပွဲသည် တိုက်ရဲသူတို့ အတွက်။ ။

မြသန်းစံ

No comments:

နေ့မှာ