Source:FB
(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်
နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်
(၅၃၄) နေရာတွင်
မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်
ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်း
တွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲ
တိမ်းမှောက်ခဲ့ပါသည်။
အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသော
မျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B
ခန်းတွင် လိုက်ပါလာသော
ရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး
(၉၅)တုံးပျက်စီးပြီး
တံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်
ပြောကြားခဲ့ပြီး မီးရထားဌာနမှ
တာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထာလမ်း ကို
ပြန်လည်ပြုပြင်နေကြောင်း သိရှိရပါသည်။










No comments:
Post a Comment