မူလစာမျက်နှာ

Sunday, 29 April 2012

မြန်မာနိုင်ငံရောက် ဘန်ကီမွန်း ဦးသန့်ဗိမာန်သို့သွားရောက်ဂါရ၀ပြု







 Source:FB
မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယနေ့(ဧပြီ ၂၉)ရက် ညနေ ၃ နာရီ ၅၀မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ဂုဗိမာန်သို့လာရောက် ဂါရ၀ပြုခဲ့သည်။ ဘန်ကီမွန်းကို ဦးသန့်၏သမီး ဒေါ်အေးအေးသန့်၊ သမက် ၊ မြေးဖြစ်သူ ဦးသန့်မြင့်ဦးတို့အပါအ၀င် မိသားစုဝင်များက ကြိုဆိုခဲ့သည်။ ထို့နောက် ဘန်ကီမွန်းက အာရှတိုက်၏ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သော ဦးသန့်၏အုတ်ဂူကို ဂုဏ်ပြုပန်းခြင်းချကာ ဂါရ၀ပြုခဲ့သည်။ ကိုရီးယားနိုင်ငံသားကုလအတွင်းရေးမှူးချုပ်သည် မိသားစုဝင်များနှင့် နှုတ်ဆက်ခြင်း၊ ဂါရ၀ပြုခြင်း၊ အုတ်ဂူကိုလှည့်လှည်ကြည့်ရှုခြင်းတို့ကို ၁၅ မိနစ်ခန့်ပြုလုပ်ပြီး လာရောက်ကြည့်ရှုသော ပရိသတ်များကိုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားသည်။ ၎င်းသည် ဧပြီ ၃၀ တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်ပြီး ပြည်တော်စုလွှတ်တော်တွင်လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

No comments:

နေ့မှာ