မူလစာမျက်နှာ

Friday, 20 April 2012

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (မူကြမ်း) မှ ကောက်နှုတ်ချက်များနှင့် ရှင်းလင်းချက်များ

Friday, April 20, 2012 at 12:39pm ·
ချစ်ခင်လေးစားအပ်သော သတင်းစာဆရာများခင်ဗျား။
    မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်း၍ မြန်မာနိုင်ငံစာရေးဆရာအသငး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေဖြန့်ချိသူများအသင်းဟူ၍ အစိုးရအဖွဲ့အစည်းမဟုတ်သည့် သီးခြားလွတ်လပ်သော အသင်းအဖွဲ့ (NGO) များအဖြစ်

ဖွဲ့စည်းတည်ထောင်သွားမည် ဖြစ်ရာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဖြစ်မြောက်ရေး ကော်မတီအနေဖြင့်လည်း ယခု ၂ဝ၁၂ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြည်လုံးကျွတ် ညီလာခံကျင်းပပြီး ဗဟိုဦးစီးအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့

ရွေးကောက်တင်မြှောက်ပွဲကို ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
    မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီသည် အောက်ပါလုပ်ငန်းစဉ်များကို ၂ဝ၁၂ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ပြီးစီးစေရန် အချိန်ဇယား သတ်မှတ်ချက်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
    (၁) မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ကို လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်း၍ ရေး ဆွဲခြင်း။ (ဧပြီ၊ မေ)
    (၂) မြန်မာနိုင်ငံ သတင်းစာဆရာအသင်းတွင် သတင်းမီဒီယာသမားများအားလုံး အသင်းဝင်အဖြစ် ပါဝင်ကြရန် ဖိတ်ခေါ်၍ အသင်းဝင်မှတ်ပုံတင်ပုံစံများကို သတင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ ရုပ်သံ၊ အီလက်ထရော နစ်မီဒီယာအစရှိသော

သတင်းအဖွဲ့အစည်းအသီးသီးသို့ ပေးပို့ခြင်း။ တစ်ဦးချင်း တောင်းခံသူများထံသို့လည်း အသင်းဝင်ပုံစံများ ပြန် လည်ရရှိလျှင် အသင်းဝင်နံပါတ်များနှင့် အသင်းဝင်ကတ်ပြားများ ထုတ်ပေးခြင်း။ (မေ၊ ဇွန်)
    (၃) ဖြည့်စွက်ပြီး အသင်းဝင်ပုံစံများ ပြန်လည်ရရှိလျှင် အသင်းဝင်နံပါတ်များနှင့် အသင်းဝင်ကတ်ပြားများ ထုတ်ပေးခြင်း။ (မေ၊ ဇွန်)
    (၄) မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) ရေးသားပြီးစီးချိန် (ခန့်မှန်း-မေလပထမပတ်) တွင် အသင်းဝင်များအားလုံးထံသို့ ပေးပို့၍ အကြံÝÝÓာဏ်များတောင်းခံခြင်။ (မေလ)
    (၅) မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (မူကြမ်း) အပေါ် အကြံပြုချက်များကို အခြေခံ၍ ၂ဝ၁၂ ခု ဇွန်လဒုတိယပတ် (ခန့်မှန်း) တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (ယာယီ) ကို အပြီးသတ် ရေး သားပြုစုခြင်း။
    (၆) ၂ဝ၁၂ ခု ဇွန်လ စတုတ္ထပတ် (ခန့်မှန်း) အတွင်း မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်နယ်နှင့်တိုင်း ဒေသကြီး အသင်းခွဲ ညီလာခံများ ကျင်းပ၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း (ယာယီ) နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းခွဲများ၏

အမှုဆောင်အဖွဲ့များကို ရွေးကောက်တင်မြှောက်ခြင်း။
    မှတ်ချက်။ ပြည်နယ်/တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ အသင်းဝင်အဖြစ် မှတ်ပုံတင်ပြီးသူ ၂ဝ ဦး နှင့် အထက်ရှိလျှင် အသင်းခွဲအမှုဆောင်အဖွဲ့ကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည် ဖြစ်သည်။ အသင်းဝင် ၂ဝ ဦ;မရှိလျှင်
 စည်းရုံးရေးကော်မတီအဖြစ် ဖွဲ့စည်းရမည်။
    (၇) ၂ဝ၁၂ ခု ဇူလိုင်လ (ခန့်မှန်း) အတွင်း ပထမအကြိမ် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံ ခေါ် ဆိုကျင်းပခြင်း။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) ကို ညီလာခံက (လိုအပ်လျှင် ပြင်ဆင် ချက်များဖြင့်) အတည်ပြုပြဋ္ဌာန်းခြင်း။

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့ကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်း။ ဗဟိုအမှုဆောင်အဖွဲ့ကို ညီလာခံက ရွေးကောက်တင်မြှေ¶ာက်လိုက်သော ဗဟိုဦးစီးအဖွဲ့က ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ရွေးချယ်တာဝန်ပေးခြင်း။ (ဇူလိုင်လ)

လတ်တလော ဆောင်ရွက်ရန်။
    လောလောဆယ်တွင် သတင်းမီဒီယာများအနေဖြင့် ယခု ရှင်းလင်းတင်ပြချက်တွင် ဖော်ပြထားသော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် ဗဟိုဦးစီးအဖွဲ့ ရွေးကောက်တင်မြှောက်ပုံများကို လေ့လာ၍ ဤမွန်မြတ်သော အသက်မွေးဝမ်းကြောင်း ဆိုင်ရာ အဖွဲ့အစည်းတွင် ပါဝင်လက်တွဲ ဆောင်ရွက်လိုပါက အသင်းဝင်ပုံစံကို ဖြည့်စွက်၍ ပြန်လည် ပေး ပို့ကြပါရန်  နှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်
(၁) မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ရည်ရွယ်ချက်များ။
    (က) စာနယ်ဇင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ ရရှိခံစားနိုင်ရေး၊
    (ခ) သတင်းမီဒီယာသမား၏ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်လုပ်ပိုင်ခွင့်ကို အကာအကွယ်ပေးရေး၊
    (ဂ) စာနယ်ဇင်းကျင့်ဝတ်များကို မြှင့်တင်ရင်း အင်အားတောင့်တင်းသော စတုတ္ထမဏ္ဍိုင် တည်ဆောက်ရေး၊
    (ဃ) သတင်းမီဒီယာသမားတို့၏ ခေတ်မီသတင်းပညာ လေ့လာဆည်းပူးခွင့်ကို အားပေးမြှင့်တင်ရေး၊
    (င) မျိုးဆက်သစ် သတင်းမီဒီယာသမားများ လေ့ကျင့်မွေးထုတ်ရေး၊
    (စ) သတင်းမီဒီယာသမားတို့၏ လူမှုဘဝတိုးတက်ရေး၊ သက်သာချောင်ချိရေးကိစ္စများကို ဆောင်ရွက်ရေး၊
    (ဆ) မြန်မာနိုင်ငံရှိ သတင်းစာဆရာများနှင့် နိုင်ငံတကာ သတင်းစာဆရာများ ချစ်ကြည်ရင်းနှီးမှုကို တိုးချဲ့တည်ဆောက်ရေး၊

၂။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ လုပ်ငန်းစဉ်များ။
    (က)    သတင်းမီဒီယာသမားများ ရရှိခံစားအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊
    (ခ)    တိကျမှန်ကန်သည့်သတင်းများ ရေးသားထုတ်ပြန်ခြင်းကို အားပေးရန်၊
    (ဂ)    ခိုင်မာတောင့်တင်းသော စတုတ္ထမဏ္ဍိုင်အဖြစ် တည်ဆောက်ရန်၊
    (ဃ)    ခေတ်မီသတင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ (အဆင့်မြင့်သတင်းပညာသင်တန်းကျောင်း တည်ထောင်ရန်)
    (င)    သတင်းမီဒီယာသမားများ၏ လူမှုရေးကိစ္စများ၊ သက်သာချောင်ချိရေးကိစ္စများတွင် ကူညီဆောင်ရွက်ရန်၊
    (စ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်းနှင့် နိုင်ငံတကာသတင်းစာဆရာအသင်းများ ပေါင်းကူးဆက်သွယ်၍ မြန်မာနိုင်ငံတွင် သတင်း နည်းပညာများ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ရန်။

အသင်းဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း

အသင်းဝင်ဖြစ်ခြင်း
    ဤဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများသည် လူမျိုး၊ ဘာသာ၊ အမျိုးသား၊ အမျိုးသမီး ခွဲ ခြားမှုမရှိဘဲ မြန်မာနိုင်ငံသတင်းစာဆရာအသင်းသို့ ဝင်ခွင့်ရှိသည်။
    (က)    ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်၊
    (ခ)    အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်၊
    (ဂ)    မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ယုံကြည်လက်ခံ၍ လိုက်နာရန် ကတိပြုသူဖြစ်ရမည်၊
    (ဃ)    မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ပေးအပ်သော တာဝန်နှင့် ဝတ္ထရားများကို မမှိတ်မသုန် ထမ်းဆောင်ရန်ကတိပြုသူဖြစ် ရမည်။
    (င)    သတ်မှတ်ထားသော အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများကို မပျက်မကွက် ပေးဆောင်ရန် ကတိပြုသူဖြစ်ရမည်။
    (စ)    အသင်းဝင်မှတ်ပုံတင်ပုံစံတွင် အသင်းဝင်တစ်ဦး၏ ထောက်ခံချက်ပါရှိရန် (သို့) ဖြစ်မြောက်ရေးကော်မတီက အသင်းဝင်ဖြစ်နိုင်သူဟု သတ်မှတ်ထားသူဖြစ်ရမည်။

မှတ်ချက် ။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ အဆင့်ဆင့်သော အမှုဆောင်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီတစ်စုံတစ်ခု၏ အဖွဲ့ ဝင်မဖြစ်စေရ။ မူလက ပါတီဝင်ဖြစ်ခဲ့လျှင် အမှုဆောင်အဖွဲ့တာဝန်ကို ထမ်းဆောင်ချိန်တွင် ပါတီအဖွဲ့ဝင်အဖြစ်ကို စွန့်လွှတ်ရမည်။

အောက်ပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် မြန်မာနိုင်ငံသတင်းစာဆရာ အသင်းဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။
    (က) လက်ရှိ သင်းစာ၊ သတင်းဂျာနယ်၊ သတင်းမဂ္ဂဇင်း၊ သတင်းအေဂျင်စီ၊ ရေဒီယို၊ တီဗွီ၊ အွန်လိုင်း မီဒီယာ စသော သတင်းလုပ်ငန်း တစ်ခုခုတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သတင်းထောက်၊ အယ်ဒီတာ၊ ဆောင်းပါးရှင်၊ သတင်းဘာသာပြန်၊ သတင်းကြေညာသူ၊

အစီအစဉ်တင်ဆက်သူ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ၊ စာပြင်ဆရာနှင့် အလွတ်သတင်းသမားများ။
    (ခ) လက်ရှိ သတင်းလုပ်ငန်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်နေခြင်းမရှိသော်လည်း ယခင်ကတစ်နှစ်ထက်မနည်း သတင်းမီဒီယာ ဆက်စပ်အလုပ်တာဝန် ဆောင်ရွက်ခဲ့သူများ။
    (ဂ) တည်ဆဲသတင်းအဖွဲ့အစည်းတစ်ခုခုမှ သတင်းမီဒီယာသမားအဖြစ် အသိအမှတ်ပြုထောက်ခံချက်ပေးသူများ။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အသင်းဝင်အဖြစ်ပူးတွဲပါ မှတ်ပုံတင်ပုံစံတွင် ဖြည့်စွက်၍ အသင်းဝင်နံပါတ်ရရှိပြီးသူတိုင်း သည်...
    (၁) ယခု ၂ဝ၁၂ ခုနှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံသို့ တက်ရောက်ခွင့်ရှိမည်။ ပါဝင်ဆွေးနွေးအကြံပေးခွင့်ရှိမည်။
    (၂) ဗဟိုဦးစီးအဖွဲ့နှင့် ဗဟိုစာရင်းစစ်အဖွဲ့များ ရွေးကောက်တင်မြှောက်ရာတွင် အမည်စာရင်းပေး၍ ပါဝင်ဆွေးနွေးခွင့်ရှိသည်။ အရွေး မခံဘဲနေခွင့်ရှိသည်။ လျှို့ဝှက်မဲစနစ်ဖြင့် ကိုယ်တိုင်မဲပေးခွင့်ရှိသည်။
    မှတ်ချက်။  ။ ယခုဖွဲ့စည်းမည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဗဟိုဦးစီးအဖွဲ့ကို မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ သြဇာ လွှမ်းမိုးမှုမျှ မပါရှိဘဲ လွတ်လပ်စွာရွေးချယ်တင်မြှောက်မည်ဖြစ်သည်။ အစိုးရခန့် ခွဲတမ်းဦးရေလုံးဝပါဝင်မည် မဟုတ်ပါ။ ထို့အပြင် မည်သူ များကိုဗဟိုဦးစီးအဖွဲ့ဝင်များအဖြစ် လျာထားသည်။ မည်သူတို့ကို မဲပေးကြပါဟူသော ရေလာမြောင်းပေး နှပ်ကြောင်းပေးမှုများကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။
    မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပြည်လုံးကျွတ်ညီလာခံသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်အသီးသီးမှ အသင်းဝင်အား လုံး တက်ရောက်ခွင့်ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ညီလာခံကိုယ်စားလှယ်များ သီးခြားရွေးချယ်စေလွှတ်ရန်မလိုပါ။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းခွဲ အမှုဆောင်များအားလုံးနှင့် အမှုဆောင်မဟုတ်သော အသင်းဝင်အားလုံး တက်ရောက်ခွင့်ရှိပါသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ

ဆက်သွယ်ရန်
၁။ ဦးစိုးသိမ်း(မောင်ဝံသ)၊ နာယက၊ ဖုန်း-ဝ၉၅ဝ၄ဝ၉၉၄
၂။ ဦးကိုကိုလှိုင်(ကိုကိုလှိုင်)၊ နာယက
၃။ ဦးဝင်းငြိမ်း၊ နာယက၊ ဖုန်း-ဝ၉၅၁၁ဝ၅၉၆
၎။ ဦးခင်မောင်လေး၊ ဥက္ကဋ္ဌ၊ ဖုန်း-၉ဝဝဝ၅၃ဝ၊ ဝ၉-၇၃ဝ၁၅၁၉၁
၅။ ဦးအောင်လှထွန်း၊ ဒု-ဥက္ကဋ္ဌ၊ ဖုန်း-ဝ၉-၇၃ဝ၄၈၇၁၈
၆။ ဦးသီဟစော၊ ဒုတိယဥက္ကဋ္ဌ၊ ဖုန်း-ဝ၉-၇၃၁၈၃၁၇၉
၇။ ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူး၊ ဖုန်း-ဝ၉-၅၅ဝဝ၈၈၇
၈။ ဦးစိန်ဝင်း(မဇ္ဈိမ)၊ တွဲဖက်အတွင်းရေးမှူး-၁၊ ဖုန်း-ဝ၉-၄၃၁၉၅၅ဝ၉
၉။ ဦးဖိုးနိုင်လင်း၊ တွဲဖက်အတွင်းရေးမှူး-၂၊ ဖုန်း-ဝ၉-၇၃၁၃၇၄၈၉
၁ဝ။ ဦးမျိုးမင်းထိုက်၊ တွဲဖက်အတွင်းရေးမှူး-၃၊ ဖုန်း-ဝ၉-၅၄ဝ၄၅၁ဝ
၁၁။ ဒေါ်နန်းကလျာဝင်း၊ ဘဏ္ဍာရေးမှူး၊ ဖုန်း-ဝ၉-၅ဝ၇၂၈၉၆
၁၂။ ဦးမောင်မောင်အေး(မောင်ဟေမာ)၊ ဘဏ္ဍာရေးမှူး၊ ဖုန်း-ဝ၉-၅၁၉၃၂၈၃
၁၃။ ဦးမြတ်ခိုင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၂ဝ၃၈၅၆၇
၁၄။ ဦးစောလင်းအောင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၄၉၅၇၇၁၈၅
၁၅။ ဦးကျော်စွာမင်း၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၅၄ဝ၃၈၃ဝ
၁၆။ ဦးအောင်ရဲမောင်မောင်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၄၃ဝ၂၄၃၅၃
၁၇။ ဒေါ်မေသင်္ကြန်ဟိန်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၇၃ဝ၇၆၅၇၆
၁၈။ဦးဟိန်းလတ်၊ အဖွဲ့ဝင်၊ ဖုန်း-ဝ၉-၅၅ဝ၁၇၃၄
Source:FB

No comments:

နေ့မှာ