မူလစာမျက်နှာ

Monday, 23 April 2012

ပထမကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ စတင်ပြုလုပ်မည်

ပထမကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စတင် ပြုလုပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

နေပြည်တော်၌ ယနေ့ စတင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး မွန်းလွှဲ ၂နာရီခန့်တွင် ပြီးဆုံး သွားခဲ့ကြောင်း ယနေ့ အစည်း အဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၉ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြင်ဆင် စေလိုသည့် စကားရပ် များကို ဆွေးနွေးခြင်း မပြုခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

အလားတူ ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပခဲ့သော အမျိုးသား လွှတ်တော် အစည်း အဝေး မှာလည်း နံနက် ၁၁ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၀ဦး ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မေးခွန်းများ ဖြေကြားခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရှိရသည်။

Source:FB

No comments:

နေ့မှာ