မူလစာမျက်နှာ

Friday, 30 March 2012

NLD – ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ

 ရွေးကောက်ပွဲ မတိုင်မီ ၂ ရက်အလို NLD သတင်းစာရှင်းလင်းပွဲ
Yangon Press Internation မတ် ၃၀ ၊ ၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ၂ ရက်အလိုတွင် NLD ပါတီက မဲဆွယ်ပွဲကာလတွင် ၎င်းတို့ပါတီ ကြုံတွေ့နေရသည့် လွတ်လပ် ၊ တရားမျှတမှုနှင့်သက်ဆိုင်သည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ရှင်းလင်း သွားသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ယခုကြားဖြတ်ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် မည်သည့်အကြောင်းကြောင့် အရေးကြီးကြောင်း ပြန်လည်ရင်သင့်မြတ်ရေး အတွက်မည်မျှ အရေးပါကြောင်းကို ပြောကြားကာ လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို အချက် ၄ ချက်ဖြင့်ရှင်းလင်း ပြောဆိုသွားသည်။
ယင်းတို့မှာ တရားမျှတမှု မရှိပဲ တရားမ၀င်သည့် မဲဆွယ်နည်းများဖြင့် ကြံ့ခိုင်ရေး ပါတီက လုပ်ဆောင်နေခြင်း၊ NLD မဲဆွယ်ပွဲကို ရပ်တန့်စေရန်၊ တားဆီးရန်ကြိုးပမ်းမှုများ၊ တိကျမှုမရှိသော၊ ပုတ်ခတ် ပြောဆိုခြင်းများ ဖြင့် ပြုလုပ်နေကြောင်း ရှင်းပြပြောဆိုသွားသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြား မီဒီယာ ၇၀ ရာနှုန်း တက်ရောက်လာကြသည်ကို တွေ့ရသည်။ ရှင်းလင်းတင်ပြချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဝေငှထားရာ အန်အယ်လ်ဒီအနေဖြင့် ယခုရှင်းလင်းပွဲကို နိုင်ငံတကာ သတင်းမီဒီယာများအား ရည်ရွယ်ပြုလုပ်လိုသည့် သဘောရှိသည်ဟု
ပြည်တွင်း သတင်းအယ်ဒီတာတဦးက သုံးသပ်သည်။ 

Source:moemaka

No comments:

နေ့မှာ