မူလစာမျက်နှာ

Friday, 30 March 2012

"ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ အား အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် ပူဇော် ချီးမြှင့်"

Source:FB
ကမ္ဘာ့ ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ ‘အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခဲ့သည်။ ဆရာတော်သည် ဗုဒ္ဓကျမ်းစာ စာပေများကို မြန်မာ (ရှမ်းပြည်နယ်၊ ပဲခူး)၊ ထိုင်း၊ သီရိလင်္ကာနှင့် ဗြိတိန် နိုင်ငံ တို့၌ လေ့လာသင်ကြားပြီး ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့ အကျော်ကြားဆုံး တက္က သိုလ် ဖြစ်သည့် အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူ ဒေါက်တာဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။ ၄င်းအပြင် အောက်စဖို့ဒ် မြို့တွင် အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကို တည်ထောင်ပြီး တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓ စာပေ အနှစ်သာရများကို ယနေ့တိုင် သင်ကြားပို့ချလျက် ရှိသည်။
၂ဝဝ၇ ခုနှစ်တွင် ကမ္ဘာအရပ် ရပ်ရှိ ဗုဒ္ဓတက္ကသိုလ် များကို စုစည်း ပေးပြီး ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးနှစ်ခုကို တည်ထောင်ပေးခဲ့ သည်။
၎င်းအပြင် ထေရဝါဒနှင့် ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ဆောင်းပါးနှင့် ကဗျာ များ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့သည်။
လက်ရှိ အချိန်အထိ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ကနေဒါ၊ ဂျာမနီ၊ ဝေးလ်စ်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ဝိပ ဿနာ တရားစခန်းများ ဖွင့်လှစ်ပြသ ပေးလျက် ရှိသည်။
ဆရာတော်သည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ကထိက ဆရာ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ် များ အသင်းကြီး( IABU ) နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်များ အသင်းကြီးတို့၏ တည်ထောင်သူနှင့် အတွင်းရေးမှူး ချုပ်အဖြစ် ဆောင် ရွက်လျက် ရှိသည်။
— with Ma Phyu Phyu and 2 others.

No comments:

နေ့မှာ