သို့
လေးစားရပါသော သမ္မကြီးခင်ဗျား
လွန်ခဲ့သော ၂၀၁၁ ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်၊နေပြည်တော် မီးရထားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ သည့် မီဒီယာတွေ့ဆုံပွဲတွင် အမှတ်(၁)လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းမှ လျှပ်စစ်စွမ်းအင်များပိုလျှံ နေသဖြင့် နိုင်ငံရပ်ခြားသို့ ရောင်းချနေရကြောင်း တိုင်းသိပြည်သိ ပြောဆိုဖော်ထုတ်ခဲ့ပါသည်။
ယခုထပ်မံကြားသိရသော သတင်းအရ ဧပြီ(၂)ရက်မှ စတင်၍ ရန်ကုန်မြို့အား အလှည့်ကျ စနစ်နှင့်မီးဖြတ်မည် ဖြစ်ကြောင်းထပ်မံ သိရှိရပါသည်။
လျှပ်စစ်များပိုလျှံအောင် ရှိနေသော်လည်း ယခုကဲ့သို့ မီးဖြတ်ခြင်းမှာ ပြည်သူများအား ကိုယ်စိတ်နှစ်ပါးဆင်းရဲ အောင် ညှင်းပန်းနှိပ်စက်ခြင်းဖြစ်သောကြောင့် သမ္မတကြီး၏ အစိုးရအဖွဲ့မှ လျှပ်စစ်ဝန်ကြီးဌာနအရေး ယူပေးပါရန် လေးနက်စွာ တိုင်ကြားလိုက်ရပါသည်
ပြည်သူများ
မှတ်ချက်။ ။ Facebook မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

No comments:
Post a Comment