Source:FB
ပြည်ထောင်စုလွှတ်တော်မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင်
့အရေးကော်မရှင်ကို ဗဟိုအဖွဲ့အစည်းတွင်ထည့်ထားခြင်းနှင့် ရသုံးခန့်မှန်းခြေငွေစာရင်းတွင် အသုံးစရိတ်ထည့်ထားခြင်းတို့ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့သော်လည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဌနှင့်အဖွဲ့က မတ်လ(၂၈)ရက်နေ့ညနေပိုင်းက စာနယ်ဇင်းများအား ပြောကြားခဲ့သည်။
ဗဟိုအဖွဲ့အစည်းတွင် အကျုံးမ၀င်၍ ရသုံးခန့်မှန်းခြေ ငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်ခြင်းတို့ကို ပျက်ပြယ်စေခြင်းမရှိကြောင်း ကော်မရှင် ဥက္ကဌ၊ ဒု-ဥက္ကဌ နှင့် အတွင်းရေးမှူးတို့ကပြောသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ရောက်ရှိလာသည့် တိုင်ကြားစာများအနက် မြေယာမှုများမှာ အများဆုံးဖြစ်ပြီး၊ လုပ်ငန်းများနှင့်ပတ်သက်သောအမှုများ၊ တရားရုံးအမှုများလည်းရှိကြောင်း နောက်ပိုင်းတွင်မူ ငွေချေးငှားခြင်းဆိုင်ရာအမှုများလည်းရှိလာကြောင်း အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။
၂၀၁၁ စက်တင်ဘာလ(၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့သော ယင်းကော်မရှင်အနေဖြင့် ထိုနှစ် ဒီဇင်ဘာလအထိ တိုင်ကြားစာပေါင်း ၁၀၃၇ ခုလက်ခံရရှိခဲ့ကာ၊ ၂၀၁၂ မတ်လအထိ တိုင်ကြားစာပေါင်း ၉၃၈ စောင်ရရှိခဲ့ပြီး၊ ယင်းတို့အနက် အမှုပေါင်း ၄၂၇ မှုကိုဖြေရှင်းပေးနိုင်ခဲ့ကြောင်း ဦးစစ်မြိုင်က ထပ်လောင်းပြောကြားသည်။
No comments:
Post a Comment