Source:FB
နေပြည်တော် ပျဉ်းမနား၊ ရွှေချည်ရပ်ကွက် ရွှေချည် ၆ လမ်းတွင် မတ်-၂၈ ရက်နေ့ညနေပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ယင်း မီးလောင်မှုသည် ထိုနေ့ ညနေ ခြောက်နာရီခွဲခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့စီးပွားရေးဘဏ်ဝင်းအတွင်းရှိ အုန်းပင်အချို့လည်းလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။၏
ထို့ကြောင့် နေပြည်တော်ပျဉ်းမနား မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ အုပ်ချုပ်ရေးယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးကို ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ ညနေ ၇ နာရီခန့်တွင် အပြီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
"၀ါယာရှော့ခ်ဖြစ်တာလို့သတင်းထွက်နေတယ်၊ တစ်မြို့လုံးမီးပြတ်သွားပြီးမှလောင်တာပါ"ဟု ဒေသခံတစ်ဦးကပြောသည်။

No comments:
Post a Comment