Source:FBမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင် အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရန် အတွက် ၂၃-၃-၂၀၁၂ ရက် (သောကြာနေ့) နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ အမှတ်(၁၆)၊ ၀င်္ကပါလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ဆန္ဒမဲပေးရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရုပ်ရှင်လောက သားအားလုံးပါဝင် ဆန္ဒမဲပေးရန် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ ပြန်လည်ရွေးချယ်ရေး ကော်မရှင်(၂၀၁၂) ကအောက်ပါအတိုင်း လှုံ့ဆော်ထားကြောင်းသိရပါသည်။
၁။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ၂၀၁၂ နှစ် အတွက် ပြန်လည်ရွေးချယ်မည် ဖြစ်ပါသည်။ ရုပ်ရှင် လောက သား အနုပညာရှင်များ၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များ၊ လုပ်သားထုများ သိရှိရန် အသိပေး ကြေငြာအပ်ပါသည်။
၂။ ၂၃-၃-၂၀၁၂ ရက် တစ်ရက်တည်းတွင် အခြေခံ (၁၀) လွှာ ရွေးကောက်ပွဲကို အလွှာအလိုက် ရွေးချယ် မည် ဖြစ်ပါ၍ ၄င်းရက်တွင် ရုပ်ရှင်ဗီဒီယို ရိုက်ကူးခြင်းနှင့် လုပ်ငန်း လုပ်ဆောင်ခြင်းများကို ခေတ္တရပ်ဆိုင်းပေးပါရန် အသိပေးအပ်ပါသည်။
၃။ ထို့ပြင် မိမိ အခြေခံလွှာ အလိုက် ရုပ်ရှင်လောကအား တိုးတတ်ဖြစ်ထွန်း အောင်မြင်အောင် ကြိုးပမ်းနိုင်မည့် အရွေးချယ်ခံ ပုဂ္ဂိုလ်များအား မိမိ၏ ဆန္ဒနှင့်အညီ မဲပေးရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလွှာလိုက်ကြွရောက်၍ မိမိ၏ ဆန္ဒမဲပေးရန် အသိပေးအပ်ပါသည်။

No comments:
Post a Comment