ယခုနှစ် ရခိုင်ရိုးရာသင်္ကြန် ကို သိမ်ဖြူကွင်း၌ နောက်ဆုံး ကျင်းပမည်ဟု ရခိုင်သဟာယ အသင်းမှသိရသည်။ အဆိုပါအသင်းမှ ဥက္ကဋ္ဌဦးခင် မောင်စိုးက ”သိမ်ဖြူကွင်းမှာ ကျွန် တော်တို့ ရခိုင်ရိုးရာသင်္ကြန် ကျင်းပလာခဲ့တာ ဒီနှစ်နဲ့ ဆိုရင် ကိုးကြိမ် မြောက်ပါ။ အားကစားဝန်ကြီးဌာန ကနေ ဆီးဂိမ်း အတွက် အားကစား ကွင်းလုပ်ဖို့ဖြစ်လာတဲ့ အတွက် ဒီနှစ် က နောက်ဆုံးနှစ်ဖြစ်ဖို့ များပါတယ်။ ဒါကြောင့် အပြောင်းအလဲရှိတဲ့ အတွက် တိုင်းရင်းသား အဖွဲ့ အစည်းများ၊ ပါတီများနဲ့ အစိုးရဌာနတွေကိုပါ တိုးချဲ့ဖိတ်ကြားပြီး နံ့သာသွေး ပွဲ ကို ဧပြီ ၁၁ ရက်နေ့မှာ ပြုလုပ် သွားမယ်”ဟု မတ် ၁၄ ရက်တွင် ပြောသည်။ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များအတိုင်း ကျင်းပမည်ဖြစ်ပြီး မဏ္ဍပ် များအနေဖြင့် မောင်တော အသင်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီး တောင်၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ရခိုင်အမျိုး သမီးများအသင်း(ရန်ကုန်)နှင့် ရခိုင် မောင်/မယ်အသင်းတို့ ပါဝင် မည် ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။ ”လုံခြုံရေးပိုင်း အနေနဲ့တော့ နှစ်တိုင်းလိုပဲ လုပ်သွားမှာပါ။ အဲဒီ မှာပဲ ဈေးရောင်းချကြမယ့်သူတွေရဲ့ ဆိုင်ခန်းခတွေလည်း မနှစ်ကလောက်ပဲဖြစ်မယ်။ မနှစ်ကဆိုင်ခန်း ၂ဝ၊ ၃ဝ လောက် ရှိပါတယ်။ နောက်နှစ်ကျရင် ရခိုင်ရိုးရာ သင်္ကြန် ပွဲတော်ကို ဘယ်မှာ လုပ်ဖြစ်မလဲ တော့ မသိပါဘူး”ဟု ဦးခင်မောင်စိုးက ထပ်လောင်းပြော သည်။ ရခိုင်သဟာယအသင်း (ရန် ကုန်) မှ ကြီးမှူး၍ ဒေးဒရဲမြို့သို့ နေ့ချင်းပြန် ဧရာဝတီနှစ်ထပ် သင်္ဘောဖြင့် မတ် ၂၇ ရက်တွင် မိတ်ဆုံ အပန်းဖြေ ခရီးထွက်မည်ဖြစ်ပြီး မည်သူမဆို လိုက်ပါနိုင်ကြောင်း၊ ၄င်းနှင့်ပတ်သက်၍ ဖုန်း ဝ၁-၄၃ဝ၁၇၂ သို့ ဆက်သွယ်နိုင်ပြီဖြစ် ကြောင်း သိရသည်။
Source:FB
No comments:
Post a Comment