ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ရဲ့ သမီးဦးလေး ပြေသုဒြာ ကိုမွေးဖွား ပြီးစကတော့ ပရိ သတ်တွေ မြင်တွေ့လိုက် ရပါတယ်။ ပရိသတ် တွေကလည်း သမီးလေးရဲ့ပုံကို ထပ်မံ ဖော်ပြပေးဖို့ တောင်းဆို ကြပါတယ်။ ဒါပေမဲ့ ပြေသုဒြာ ဟာ အရမ်းငယ် သေးတဲ့တွက် ဓာတ်ပုံရိုက်ဖို့ အဆင်မပြေသေးကြောင်း မိခင် ဖြစ်သူ အိန္ဒြာကျော်ဇင် က ပြောပါတယ်။ ဒါကြောင့် သမီးလေး ခြောက်လပြည့်မှ ပရိသတ်တွေ ကို ဖော်ပြပေးမယ်လို့ ဆုံးဖြတ်ထားရာက အခုတော့ သမီးလေး ပြေသုဒြာရဲ့ ချစ်စဖွယ် ပုံလေးကို Facebook မှာ မြင်ခဲ့ရပါတယ်။ ဒါကြောင့် facebook ကို တင်ခဲ့ တဲ့ မေမေ အိန္ဒြာကျော်ဇင်ရဲ့ ခွင့် ပြုချက်ယူပြီး ပရိသတ်တွေကို ဖော်ပြပေး လိုက်ပါတယ်။
အခုဖော်ပြပေး လိုက်တဲ့ ပြေသုဒြာရဲ့ ပုံလေးနဲ့ ပတ်သက်ပြီး မိခင် အိန္ဒြာကျော်ဇင်က . . .
”အဲ့ဒီပုံလေး တင်ထားတာ လေးငါးရက်လောက် ရှိပြီ။ သူ့ကို အစ်မ ကလေ အမြဲတမ်း ကိုယ့်ဟာကိုယ် ဓါတ်ပုံ ရိုက်ရိုက်ထားတာ။ အဝတ်အစား တစ်စုံလဲပြီးရင် တစ်ခါ ရိုက်တယ်။ အဲ့ဒီလိုနေ့တိုင်း အစ်မဆီမှာ Record ရှိတယ်။ သူဘာလုပ်လုပ် ရိုက်ထားတာလေ။ တူမလေးတွေ ကလည်း ကလေးနဲ့ တွဲရိုက်ထားတဲ့ပုံ ကို သူတို့ facebook မှာ တင်ချင် နေကြတာလေ။ အဲဒါကို အဒေါ်က မတင်နဲ့ဦးလို့ ပြောထားရတာ။ အဲဒါ အခုတော့ ဒီပုံလေးကိုတင်ပါ ဘာညာနဲ့ ဝိုင်းပြောကြတော့ အဲ့ဒါဆို အဲဒီ ပုံလေးတင်မယ် ဆိုပြီး တင်ဖြစ်သွားတာ။ ဓာတ်ပုံရိုက်ဖို့ အတွက် လာကြတာတွေ ရှိတယ်။ ဘယ်လိုပဲ ပြောပြော ကင်မရာမင်းတွေနဲ့ ရိုက်ရင် မီးတွေ ဘာတွေ Flash တွေဘာ တွေနဲ့ ရိုက်ကြမယ်။ အဲ့ဒီအခါကျရင် ကလေးက အရမ်းငယ်သေးတော့ အစ်မက အဲ့ဒါကို အထိ မခံချင်သေး လို့ အစ်မဘာသာ အစ်မ ရိုက်တာ။ အဲဒီလို မရိုက်ချင်သေးလို့လည်း မရိုက်ဘူး လို့ပြောတာ။ Dumex ကြော်ငြာကတော့ ကလေးလေး ခြောက်လ ပြည့်မှ ရိုက်မှာပါ။ အစ်မ ကတော့ ကလေးလေးကို တွေ့ချင် လှပြီ လို့ပြောပြောနေတဲ့ ပရိသတ်တွေ၊ မိတ်ဆွေတွေက Facebook မှာ ကြည့်ချင်ကြတဲ့ အတွက် အစ်မ တင်ဖြစ်ခဲ့တာပါ”လို့ ချစ်စဖွယ်၊ မျက်နှာထားလေး နဲ့ အိုက်တင်ပေးနေ တဲ့ သမီးလေး ပြေသုဒြာရဲ့ မေမေ အိန္ဒြာကျော်ဇင် ကပြောပြပါတယ်။
Source:popularmyanmar
No comments:
Post a Comment