မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေးတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကျင်းပလျက် ရှိသော ကားပြပွဲ၌ မန္တလေးဈေးကွက်၌ မရှိသည့်ကားများ ပြသ ရောင်းချသဖြင့် စိတ်ဝင်တစား လာရောက် ဝယ်ယူ ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။
G.M.C ၊နစ်ဆန်း၊ ဆာဖာရီ အစရှိသော မော်ဒယ်မြင့် ကားများ အပြင် အိမ်စီးကားမျိုးစုံ ပြသရောင်း ချလျက်ရှိပြီး ကားဟောင်းအပ်စလစ် ရှိသူအပြင် ကားဟောင်း စလစ်မရှိ သူတို့ကိုပါ ရောင်းချပေးနေကြောင်း သိရသည်။ကားပြပွဲတွင် ပါဝင်ပြသသူ SCE ကုမ္ပဏီလီမိတက် တာဝန်ရှိ သူတစ်ဦးက Show room အတွက် သွင်းလည်း ကားတွေကShow room မှာပဲ ရောင်းခွင့်ရှိ တယ်။ အခု ပြထားတဲ့ ကားတွေကတော့ ကျွန်တော်တို့ ကိုယ်တိုင် လိုင်စင် ကတ်ထားတာ။လိုင်စင်ရပြီးသား တွေမို့ အိမ်စီး ကားတွေ၊ှSaloonတွေအပြင်ကို ဘတ်စ်ကားတွေရော၊ Truck တွေရော စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဒီမှာကတော့ နေရာအခက် အခဲကြောင့် အကုန်မပြနိုင်ဘူး။Show room မှာ လာဝယ်မယ့် သူတွေကိုလည်း အရစ်ကျ ရောင်း ပေးဖို့အစီအစဉ်ရှိတယ်။ ဒီပြပွဲ မှာတော့ ဈေးနှုန်းသက်သာစွာနဲ့ တစ်ခါတည်း ဝယ်လို့ရအောင် စီစဉ် ထား တယ်။ မန္တလေးမှာShow room ဖွင့်ဖို့ စီစဉ်နေသလShow room ဖွင့်ပြီးရင်လည်း အရစ်ကျနဲ့ ရောင်းဖို့ စီစဉ်ထားပါတယ်ဟု ဆို သည်။အဆိုပါပွဲတွင် ရန်ကုန် ကားပြ ပွဲ၌ ပါဝင်ပြသခြင်း မရှိသည့် ကုမ္ပ ဏီအချို့ပါ ပါဝင်ပြသသည့်အပြင် လိုင်စင်ရပြီးသား ကားများကို ရောင်း ချခြင်း ဖြစ်သည်။ လက်ငင်းငွေချေ စနစ်ဖြင့်သာ ရောင်းချပြီး အရစ်ကျ ရောင်းချခြင်း မရှိကြောင်း သိရသည်။မန္တလေးမြို့၊ ပြည်ကျော်ဈေး အနီးမှ ကားဝယ်ယူရန် ပြပွဲသို့ လာ ရောက်သူက”အပြင်ကားဈေးကွက် က ဈေးနဲ့တော့ သိပ်မကွာဘူး။ ဒါပေမဲ့ အပြင်ကားဝိုင်းမှာ ကြည့်လို့ မရတဲ့ Nissan Safari လို ကား မျိုးတွေကို ဒီမှာ တွေ့ရတယ်” ဟု ပြောသည်။ မန်းမြို့ခံ၊ ကားပွဲစားတစ်ဦးက ”ဈေးနှုန်းတွေကတော့ အပြင်က ဈေးနဲ့ မကွာဘူး၊ ကားတွေကလည်း အခု အသစ်သွင်းလာတဲ့ ကားတွေ ပါပဲ။ ပြထားတဲ့ ကားအများစုက တော့ အပြင်ကားဝိုင်း မှာ တွေ့ နေ ရတဲ့ ကားတွေပါပဲ” ဟု ပြော သည်။အဆိုပါ ကားပြပွဲကို ဖေဖော် ဝါရီ ၂၉ ရက်အထိ မန်းမြို့တော် ခန်းမ၌ ပြသမည်ဟု သိရသည်။မန္တလေးတွင် ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကျင်းပလျက် ရှိသော ကားပြပွဲ၌ မန္တလေးဈေးကွက်၌ မရှိသည့်ကားများ ပြသ ရောင်းချသဖြင့် စိတ်ဝင်တစား လာရောက် ဝယ်ယူ ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။
Source:popularmyanmar
No comments:
Post a Comment