ပင်စင်လစာကို ဇူလိုင်လမှစ၍ တိုးမြှင့်ပေးမည်ဟု အစိုးရသစ်က သောကြာနေ့တွင်
ကြေညာသဖြင့် ရန်ကုန်ရှိ ပင်စင်စားများ မိမိတို့လစာ မည်မျှတိုးမြှင့်ရရှိမည်ကို သိလိုသဖြင့် ကျောက်တံတားမြို့နယ် ဘဏ်လမ်း စုပေါင်းရုံးအနီးရှိ ပင်စင်ဦးစီးဌာနတွင် စုံစမ်းနေကြသည်။
‘‘အဘိုးက အခုလက်ရှိ ပင်စင် ၃၅ဝ ပဲ စားရတာပါ။ မနေ့ကပဲ တီဗီမှာ သတင်းလာတယ်လို့ သမီးက ပြောတဲ့အတွက် လာစုံစမ်းတာပါ။ ဒီက ပြောတာက တိတိကျကျ မပြောတတ်သေးဘူးတဲ့။ နောက်တပတ်မှ စုံစမ်းပါတဲ့’’ ဟု အသက် ၇ဝ ကျော်အရွယ် အငြိမ်းစားရဲ အရာထမ်းတဦးက ပြောသည်။
ဇွန် ၃ဝ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့
| ရန်ကုန်ရှိ ပင်စင်ဦးစီးဌာနတွင် လာရောက် စုံစမ်းမှုများ ပြုလုပ်နေကြသူများကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ) |
‘‘ဝမ်းသာစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပင်စင်ကိုပဲ အားကိုးနေရတဲ့ သူတွေ ရှိတယ်လေ။ ကျမတို့ကတော့ အခု ပင်စင်တွေ တိုးတယ်။ နောက်ပိုင်း အခုလက်ရှိ ဝန်ထမ်းတွေကိုလည်း တိုးမယ်ကြားပြန်တယ်။ ဒါကြောင့် ကုန်ဈေးနှုန်း မတက်ဖို့ပါပဲ။ ကုန်ဈေးနှုန်းတက်ရင်တော့ ဘာမှထူးမှာ မဟုတ်ဘူး’’ ဟု လက်ရှိ စည်ပင် ဝန်ထမ်းတဦးက ပြောသည်။
Source:mizzimaburmese
No comments:
Post a Comment