ဇူလိုင်လ (၁) ရက်၊ ၂၀၁၁။
Power Land မိတ်ဆွေများက ဘန်ကောက်မြို့တွင် Ocean Sun ကုမ္ပဏီရုံးခွဲတခုအား ဖွင့်လှစ်ပြီး မြန်မာ အလုပ်သမားများ ယာယီပက်စ်ပို့ ဈေးနှုန်း သက်သာ မြန်ဆန်စွာ ရရှိနိုင်ရေးအတွက် ပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။ သူတို့၏ ကြောငြာတွင် မြန်မာ အလုပ်သမားများ ယာယီပက်စ်ပို့လုပ်ငန်းတွင် အကုန်အကျများနေခြင်း၊ ပွဲစားများ၏ လိမ်လည်မှုခံနေရခြင်း၊ အချိန်အလွန် ကြာမြင့် နေကြောင်းတို့ကြောင့် ဈေးနှုန်းသက်သာ၊ မှန်ကန်၊ မြန်ဆန်ပြီး တိကျေ သချာစွာ ပြုလုပ်ပေးနေကြောင်း ဖော်ပြထားပါသည်။
စာရင်းပေးသွင်းသည့်နေ့မှစ၍ ရက်ပေါင်း (၄၀) အတွင်း ပက်စ်ပို့ ရရှိမည်ဟုလည်း ဖော်ပြထားသည်။ အလုပ်သမား ကိုယ်တိုင် ရုံးသို့ လာရောက်လုပ်ကိုင်ပါက ဘတ် (၄၅၀၀) ကုန်ကျမည်ဖြစ်ပြီး ကိုယ်တိုင် မလာနိုင်သူများအတွက် ၀န်ဆောင်ခစရိတ် (၃၀၀) ဘတ်ထက် မပိုစေဘဲ တစ်ဆင့် ဆောင်ရွက်နိုင်ကြောင်းလည်း သိရှိရသည်။ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အစစ်အမှန်များကိုသာ လက်ခံ လုပ်ပေးကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံအနှံ မည်သည့်နေရာမှမဆို ဆက်သွယ် လုပ်ကိုင်နိုင်ကြောင်း သိရှိရသည်။
သူတို့၏ ယာယီပက်စ်ပို့ လုပ်ငန်းစဉ်အဆင့်အဆင့်မှာ အောက်ပါ အတိုင်းဖြစ်ကြောင်း လက်ကမ်း စာစောင်တွင် ဖော်ပြ ထားသည်။
၁။ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင် လုပ်ကိုင်ခွင့် စာရွက်စာတမ်းအပြည့်အစုံနှင့် ဘတ်ငွေ (၅၀၀) ပေးသွင်းရမည်။ တပတ်အကြာတွင် ကျွန်ုပ်တို့ထံ ဖုန်းဆက်ပါ။
၂။ မြန်မာသံရုံးမှ အောင်စာရင်းရပြီး ဒုတိယအရစ် ဘတ်ငွေ (၂၀၀၀) ပေးသွင်းသည့်အခါ ယာယီ ပက်စပို့ လျှောက် ထားပြီး ဖြစ်ကြောင်း ကဒ်တခု ထုတ်ပေးပါမည်။ စတင် လျှောက်ထားသည့် နေ့မှစ၍ (၄) ပတ်မြောက်တွင် ဖုံးဆက်ပါ။
၃။ ကျန်ငွေများအား ပက်စပို့ လုပ်ရန် သွားမည့်နေ့ ကားပေါ်သို့ မတက်မီ ပေးသွင်း ရမည်ဖြစ်သည်။
(ယာယီပက်စ်ပို့ စတင်လျှောက်စဉ်ကတည်းက ရရှိထားသော ငွေသွင်းပြေစာ စာရွက်ကို) မိမိလက်ဝယ်သို့ ယာယီပက်စပို့ ရရှိပြီးသည်အထိ သိမ်းဆည်းထားရပါမည်။
အသေးစိတ်သိရှိလိုပါက အောက်ပါ မန်နေဂျာများသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၀၈၅-၁၅၈-၈၃၆၇)၊ (၀၈၉-၄၄၀-၉၄၉၀)၊ (၀၈၇-၅၅၅-၄၁၈၄)၊ (၀၈၀-၅၉၉-၀၂၆၆)၊ (၀၈၀-၆၉၄-၁၇၁၆)

(မြန်မာအလုပ်သမားများ ယာယီပက်စ်ပို့ လွယ်ကူချောမောစွာ လုပ်ကိုင်နိုင်ရေးအတွက် ပေးပို့လာသောအီးမေးလ်မှ ထုတ်နုတ်ဖော်ပြပါသည်။)
Source:arakanreview
No comments:
Post a Comment