မူလစာမျက်နှာ

Wednesday, 6 July 2011

တောင်ဥက္ကလာပ အိမ် ၃ လုံး မီးလောင်

 ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ၅ ရပ်ကွက်၊ စစ်ကိုင်း ၂၉ လမ်းရှိ နေအိမ် ၃ လုံး ဗုဒ္ဓဟူးမနက် ၃ နာရီခွဲခန့်တွင် မီးလောင်ခဲ့ရာ အိမ်ထောင်စု ၄ စုမှ လူဦးရေ ၂ဝ ခန့် အိုးအိမ်မဲ့ဖြစ်သွားကြောင်း မြို့နယ်မီးသတ်ဦးစီးရုံးက ပြောသည်။

ဦးထွန်းဦး နေအိမ်တွင် လျှပ်စစ်ဝါယာကြိုး လျှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

electricalproblems electricalproblem1s
တောင်ဥက္ကလာရှိ မီးလောင်သွားသည့် နေအိမ်များ (ဓာတ်ပုံ - မဇ္ဈိမ)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သိန်းလင်းက မီးဘေးသင့် အိမ်ထောင်စု တစုလျှင် ကျပ် ၅ သောင်းစီနှင့် အိုးခွက်ပန်းကန်၊ သောက်ရေသန့်၊ စောင်နှင့် ခေါင်းအုံးများ လာပေးသွားကြောင်း မီးဘေးဒုက္ခသည်များက ပြောသည်။

မီးဘေးဒုက္ခသည်များအား ၅ ရပ်ကွက် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ထားရှိသည်။
Source: mizzimaburmese

No comments:

နေ့မှာ