မူလစာမျက်နှာ

Monday, 18 July 2011

အင်္ဂလန်ရောက် ရခိုင်များ ပထမဆုံး အကြိမ် ၀ါဆို သင်္ကန်း ကပ်လှူ

ပထမ အကြိမ်မြောက် ၀ါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနား တစ်ခုကို အင်္ဂလန်ရောက် ရခိုင်များက ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အမျိုးဘာသာ၊ သာသနာကို စောင့်ထိမ်းသည့် အနေဖြင့် ယခုကဲ့သို့ ၀ါဆို သင်္ကန်း ကပ်လှူပွဲကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

England-Rakhine
အဆိုပါ အခမ်းအနားသို့ ပင့်ပိတ်ထားသော ရခိုင် ဆရာတော် သုံးပါး တက်ရောက်ခဲ့ပြီး သင်္ကန်း ကပ်လှူသည့် သူများအား ယခုကဲ့သို့ သြ၀ါဒစကား မိန့်ကြား ခဲ့သည်။

"ဘယ်နိုင်ငံ ဘယ်နေရာမှာပဲ ရောက်ရောက် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေ ဖြစ်ကြတဲ့ အတွက် မိမိတို့ အမျိုးဘာသာ၊ သာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် ကြရမယ်။ တဦးနဲ့ တဦး ကူညီ စောင့်ရှောက်ကြပါမယ်။ အဲဒါမှ နိုင်ငံတကာက မိမိတို့ လူမျိုးကို ကမ္ဘာက သိလာမယ်။ လေးစား တန်ဖိုး ထားလာကြမှာ ဖြစ်ပါတယ်။"

ဝါဆို သင်္ကန်း ကပ်လှူပွဲသို့ တက်ရောက်လာသူ ဦးခင်မောင်ကြည်ကလည်း ယခုကဲ့သို့ ပြောကြားသည်။ "အင်္ဂလန်က ကျွန်တော်တို့ ရခိုင့်လူမှု အဖွဲ့အစည်း အနေနဲ့ ရခိုင့် အရေးအရာ ကိစ္စတွေကို အစဉ်အမြဲ လုပ်ဆောင်သွားကြဖို့ အစီအစဉ်တွေ ချမှတ်ထားပါတယ်။ ဥပမာ ဆရာတော်ဥတ္တမနေ့ အခမ်းအနားတို့၊ ရခိုင့် အချုပ်အချာကျ ဆုံးတဲ့နေ့တို့၊ ရခိုင့်သမိုင်းဟောပြောပွဲတို့၊ ရခိုင့်ယဉ်ကျေးမှု ထုတ်ဖေါ်ကပြပွဲတို့၊ အမျိုးဘာသာ၊ သာသနာလုပ်ငန်း နဲ့ ဒုက္ခရောက်နေတဲ့ ရခိုင့်ဒုက္ခသည်များကို ကူညီ ထောက်ပံ့ရေး လုပ်ငန်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုလည်း ဒီအဖွဲ့ကဘဲ ကမကထ ပြုလုပ်ပြီး ၀ါဆိုသင်္ကန်း ကပ်လှူခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်ညီအစ်ကိုမောင်နှစ်များနှင့်အတူ တခြား တိုင်းရင်းသားများ စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့သည်ဟုသိရသည်။

ထိုနေ့ တရက်တည်းတွင် အမေရိကန် နိုင်ငံ နယူးယောက် Southall အရပ်တွင်လည်း ဇူလိုင်လ ၁၇ ရက်နေ့က ၀ါဆို သင်္ကန်းကပ် လှူပွဲတခုကို ရခိုင် မောင်မယ်များ ပြုလုပ်ခဲ့သည်ဟု သိရသည်။

Source:narinjara

No comments:

နေ့မှာ