မူလစာမျက်နှာ

Tuesday, 28 June 2011

အကြမ်းဖက် အာဏာရယူခြင်း ဒေါ်အောင်ဆန်းစုကြည် လက်မခံ

အကြမ်းဖက်သည့် နည်းသုံး၍ နိုင်ငံ့အာဏာကို ရယူခြင်းနှင့် အကြမ်းဖက်ပြီး အစိုးရ အပြောင်းအလဲလုပ်ခြင်း အစဉ်အလာများကို ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

Aung_San_Suu_Kyi_medium
ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျမ အနေနဲ့တော့ ဒီ အကြမ်းဖက်မှုကို ကျမ လက်မခံဘူးဆိုတာ နိုင်ငံရေး သဘောတရားအရ လက်မခံတာ။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှုပြောင်းဖို့လို လို့။ အကြမ်းဖက်တဲ့ နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့ နည်းနဲ့ နိုင်ငံရဲ့ အာဏာကိုလွှဲယူတာ။ ဒီဟာတွေက အစဉ်အလာဖြစ်နေပြီ။ ဒီနိုင်ငံမှာ။ ဒီအစဉ် အလာကို ပြောင်းလဲရမယ် ဆိုတဲ့ ခံယူချက်နဲ့ ကျမ အကြမ်းမဖက်တဲ့နည်း၊ လမ်းကြောင်းကို သွားတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ယမန်နေ့က လန်ဒန်ရောက်လူငယ်တဦး၏ “လူငယ်တွေဟာ လက်နက်ကိုင်ပြီး ဒီမိုကရေစီ အတွက် တိုက်ချင်နေသည်” ဆိုသည့် စကားကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောကြားပုံကို ယနေ့ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ထပ်လောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည်တိုမှ လူငယ် ၁၀၀ ကျော် တက်ရောက် တွေ့ဆုံဆွေးနွေးကြပြီး ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းနှင့် လူငယ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒု ဥက္ကဌ ဦးတင်ဦးကလည်း အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်က“အကြမ်းဖက်တာ အမြဲမှားသလား မေးတယ်။ ဒီလိုလဲ အမြဲမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မှန်ကန်တဲ့ ဘက်က ခုခံတိုက်ခိုက်တာမှာလဲ လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်ရင် အကြမ်းဖက်တာက အကြမ်းဖက်တာပဲ။ ဘာ အတွက်ပဲ လုပ်လုပ်ပေါ့။ အဲတော့ တချို့ကတော့ ပြောတယ်။ အကြမ်းဖက်တဲ့ နည်းနဲ့ မှ ရမယ်။ အဲတော့ ကျမက အ မြဲပြောတယ်။ ဒါကိုရေရှည်ကို စဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့ နည်းနဲ့ မြန်မြန်ရပြီးတော့ နောက်ဆက်တွဲ ဒဏ်ရာ တွေ ကို ဘယ်လောက်ကြာကြာ ပျောက်အောင်ကုသရဦးမှာလဲ တကယ်အကြမ်းဖက်တဲ့နည်းနဲ့ ခဏလေးလုပ်လိုက်လို့ နောင် ဒုက္ခတွေရှင်းသွားတယ်ဆို တမျိုးပေါ့နော်”ဟုလည်း ဆက်လက် ပြောကြားသည်။

လူငယ်နှင့် လူကြီး အကြား ကွာဟမှုဆိုင်ရာကိုလည်း ဆွေးနွေးပြီး နေရာယူခြင်းနှင့် တာဝန်ယူခြင်း ဆိုင်ရာများ၊ မိမိတို့၏ အားနည်းချက်၊ အားသာချက်များ စသည်တို့ကို မှန်ကန်စွာ သိပြီးမှ တိုင်းပြည် အကျိုးအတွက် အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။

“ဒီမနက်က တိုင်းနှင့် ပြည်နယ်တွေထဲက ကချင်၊ ချင်းပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က NLD လူငယ်ရော၊ NLD မဟုတ်တဲ့ လူငယ်တွေရော အားလုံးတွေ့ဆုံ ဆွေးနွေးကြတယ်။ မနက်ဖြန်တော့ အောက် မြန်မာပြည်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်း စတဲ့ တိုင်းနှင့် ပြည်နယ်တွေက လူငယ်တွေဆက်ပြီး တွေ့ဆုံဆွေးနွေးကြမယ်”ဟု ၄င်းက ဆက် လက်ရှင်းပြသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ် မြောက် လာပြီးနောက် နိုင်ငံရေးတက်ကြွသည့် လူငယ်များ၊ NLD လူငယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် လုပ်ဆောင် လျက် ရှိသည်။
Source:irrawaddy

No comments:

နေ့မှာ