မူလစာမျက်နှာ

Tuesday, 28 June 2011

ကြံ့ဖွတ်အစိုးရသစ်က မင်းသမီး မစ်ရှဲယို ကို လေဆိပ်က ပြန်မောင်းထုတ်

June 28, 2011
မကြာမီရုံတင်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ထားတဲ့ ဟောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်မင်းသမီး မစ်ရှဲယိုကို ကြံ့ဖွတ်အစိုးရတဖြစ်လဲ မြန်မာစစ် အစိုးရက လေဆိပ်ကနေ မောင်းထုတ်လိုက်ပြီး နာမည်ပျက်စာရင်း (ဘလက်လစ်စ်) သွင်းလိုက်တယ်လို့ အရာရှိ တဦးက အင်္ဂါနေ့က ပြောပါတယ်။
“သူမအနေနဲ့ ဗမာပြည်ကို ထပ်ပြီး ၀င်ခွင့်မရခဲ့ပါဘူး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ပြီး ပထမဆုံး လေ ယာဉ်နဲ့ပဲ သူမကို ချက်ချင်း ပြန်ပို့လိုက်ပါတယ်” လို့ အမည်မဖော်လိုသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါ တယ်။ “ အခု သူမဟာ စစ်အစိုးရရဲ့ ရန်သူတော်စာရင်းထဲမှာ ပါသွားပါပြီ” လို့ ဒုတိယတန်းအရာရှိတဦးက ပြောဆို လိုက်ပြီး၊ ဘာကြောင့်လဲဆိုတာတော့ ပြောဖို့ငြင်းပါတယ်။ မလေးရှားမှာမွေးပြီး ဂျိစ်းဘွန်းရုပ်ရှင်ကားနဲ့ ကမ္ဘာကျော်လာ တဲ့ မင်းသမီးဟာ ထိုင်းနိုင်ငံမှာ ပြင်သစ်ဒါရိုက်တာ လပ်ဘက်စန်နဲ့ ရိုက်ကွင်းတချို့ ရိုက်အပြီး ဒီဇင်ဘာလက နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်က နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
ဒီရုပ်ရှင်ကားကို ဒီနှစ်နောက်ပိုင်းမှာ ရုံတင်ပြသမယ်လို့ ခန့်မှန်းရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ နှစ် တောက် လျှောက် နေအိမ်အကျယ်ချုပ်ကျခံရအပြီး ရွေးကောက်ပွဲကျင်းပပြီး တပတ်မပြည့်ခင် နိုဝင်ဘာလက လွတ်မြောက် လာပါတယ်။ ရွေးကောက်ပွဲဆိုတာ ဗမာပြည်မှာ အရပ်သားမျက်နှာဖုံးနောက်ကွယ်မှာ စစ်တပ်စိုးမိုးမှုကို ဆက်လက် ထိန်း သိမ်းထားဖို့ ရည်ရွယ်တဲ့ မပိမယိ လိမ်ညာမှုတခုသာ ဖြစ်တယ်။ လို့ ဝေဖန်ရေးသမားတွေက ပြောဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အပြတ် အသတ် အနိုင်ရခဲ့ပြီး ဒီရွေးကောက်ပွဲရလဒ်ကိုတော့  စစ်အစိုးရ ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါကြောင့် သူမက ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကို စည်းမျဉ်းဥပဒေတွေဟာ မရားဘူးလို့ ပြောဆိုခဲ့ပြီး  သပိတ်မှောက်ခဲ့ပါတယ်။ အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မစ်ရှဲယိုဟာ အရင်က မလေးရှားမယ် ဖြစ်ဖူးပြီး ၁၉၉၇ခုနှစ်မှာ “Tomorrow Never Dies” ဆိုတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားမှာ ပီရာ့စ်ဘရော့စ်နန်နဲ့ တွဲဖက်ပြီး တရုပ်သူသျှိုတဦးအဖြစ် သရုပ်ဆောင်ခဲ့ချိန်က နိုင်ငံ တကာမှာ ကျော်ကြားလာခဲ့ပါတယ်။ ဒါ့ပြင် တရုပ်စကားပြော သိုင်ကားတကားဖြစ်တဲ့ “Crouching Tiger, Hidden Dragon” မှာလည်း ကမ္ဘာကျော်ခဲ့ပြီး စာရေးဆရာ Arthur Golden ရဲ့ အရောင်းရဆုံး ၀တ္ထုကို အခြေခံရိုက်ကူးထား တဲ့ “Memoirs of a Geisha” မှာလည် နာမည်ကျော်ခဲ့သူ တဦး ဖြစ်ပါတယ်။
Source:naytthit

No comments:

နေ့မှာ