မူလစာမျက်နှာ

Monday, 13 June 2011

ခွန်ယင်လပ်ပြောနေတဲ့ လွတ်ငြိမ်းခွင့်ရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်ရှိတယ်လို့ ဆနန် ထုတ်ဖော်ပြာ

June 13, 2011
ခွန်ယင်လပ် ပြောနေတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးရဲ့ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ဒီမိုကရက်တွေက ပြောဆိုပါတယ်။  နောက်ဆုံးမှာ ထိုင်းပြည်သူတွေဟာ ၀ရမ်းပြေးဝန်ကြီးချုပ်ဟောင်း ထပ်စင်ရှီ နာ ၀ပ်ထ်အပေါ် ခွင့်လွှတ်မယ်။ ဆိုတာ သူ့အနေနဲ့ယုံကြည်တာတောင်မှ ဒီလိုအချိန်မျိုးမှာ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ တင်တာနဲ့ပတ်သက်ပြီး သံသယရှိတယ်လို့ ချာ့ထိုင်းပတ္ထနာပါတီ အကြံပေး ဆနန်ခါချောန်ဖရားဆာ့တ်က တနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
“ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ညွန့်ပေါင်းအစိုးရမှာပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ရင် ထပ်စင်အပေါ် လွတ်ငြိမ်းခွင့်ပေးမယ့် သ ဘောထားကို ပြန်လည်သုံးသပ်ဖို့ ပါတီအမှုဆောင်လူကြီးတွေအစည်းအဝေးကျင်းပပြီးနောက်မှ ချာ့ထိုင်းပတ္ထနာ ပါတီ က တုံ့ပြန်မှာပါ” လို့ သူက ပြောပါတယ်။ ထပ်စင်ရဲ့အပြစ်တွေ မေ့ပစ်ဖို့ ဆန့်ကျင်ကန့်ကွက်တာတွေကို သူ့အနေနဲ့ စိုး ရိမ်ပူပန်မိတယ်လို့ ဆနန်က ပြောပါတယ်။ ထပ်စင်အတွက်လွတ်ငြိမ်းခွင့်နဲ့နိုင်ငံအရေးအသွေး အရောင်မျိုးစုံတွေ အ ကြားဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်နေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာဟာ သီးခြားကိစ္စနှစ်ရပ် ဖြစ် ပါတယ်လို့ သူက အရိပ်အမြွက် ထုတ်ဖော်ပြောဆိုပါတယ်။
ဖွေ့ထိုင်းပါတီကိုယ်စားလှယ်လောင်း ခွန်ယင်လပ်ရှီနာဝပ်ထ် မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တခုရှိတယ်။ ဒါက ထပ် စင်ကို လွတ်ငြိမ်ခွင့်ပေရေးဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ ဒီမိုကရက် ပါ တီက ပြောရေဆိုခွင့်ရှိသူဘူရန်နာ့ခ်ျဆမွတ်သာရာ့ခ်က ပြောပါတယ်။ “ဒါဟာ ထပ်စင်ရဲ့အပြစ်တွေကို ဖယ်မပေးဘဲနဲ့ တိုင်းပြည် ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်လာစေဖို့ ပြည်သူတွေကို တလွဲ ဦးဆောင်တာပဲ” လို့ သူက ပြောပါတယ်။ ရှီနာဝပ်ထ်မိသားစုကြီးဟာ သူတို့မိသားစုအကျိုးစီးပွားနဲ့တိုင်းပြည်အကျိုးစီးပွားကို ချိတ်ဆက်ထားတာ ဖြစ်လို့ နိုင်ငံရေးရှုပ်ထွေးမှုတွေဟာ ဒီအရှုပ်အထွေးတွေနဲ့အမြစ်တွယ်နေတာ ဖြစ်တယ်။ လို့ ဘူရာနာ့ခ်ျက ပြောပါ တယ်။
ဖွေ့ထိုင်းပါတီနဲ့ ခွန်ယင်လပ်တို့သာ ရိုးသားတဲ့ရည်ရွယ်ချက်ရှိမယ်ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပြန်ရဖို့ တိ ကျတဲ့ ခြေလှမ်းတွေနဲ့ပါဝင်မယ့်တသီးပုဂ္ဂလတွေကို သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောပြသင့်တယ်လို့ သူက ပြော ဆိုလိုက်ပြီး ထပ်စင်ကို ကယ်ဖို့ ယင်လပ်ရဲ့နှစ်ခွသဘောဆောင်တဲ့ မှတ်ချက်စကားတွေကို ချေပပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲအပြီး ဒီမိုကရက်ပါတီနဲ့ဖွေ့ထိုင်းပါတီအကြား ပြန်လည်ရင်ကြားစေ့ရေးနဲ့ပတ်သက်လို့ တွေ့ဆုံပြောကြဖို့ အိမ်ရှင်အနေနဲ့လုပ် ပေးမယ်ဆိုတဲ့ ဆနန်ရဲ့ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ ဖြစ်မယ်ဆိုတာ သူ့အနေနဲ့သေ ချာပေါက် မပြောနိုင်ကြောင်း ၀န်ကြီးချုပ်အဖိဆစ်က ပြောဆိုပါတယ်။ ထပ်စင်ကိုလွတ်ငြိမ်းခွင့်ပေးရမယ်ဆိုတဲ့ မှား ယွင်းတဲ့ အပြုအမူမျိုးကိုတော့ သူ့အနေနဲ့ လက်မခံနိုင်ဘူး။ လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ ထပ်စင်ကိစ္စနဲ့ ပတ် သက် ပြီး ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာနဲ့ပတ်သက်ပြီး ခွန်ယင်လပ်ရဲ့အကြံပေးချက်ကို တုံ့ပြန်ပြောဆိုရာမှာ မတူတဲ့ကိစ္စ တွေကို ရောထွေးပြီး ပြည်သူလူထုကို ရှုပ်ထွေးအောင်မလုပ်သင့်ပါဘူးလို့ သူက ပြောဆိုပါတယ်။
လွတ်ငြိမ်းခွင့်ပေးတယ်ဆိုတာက အပြစ်ကနေ လွှတ်ပေးမယ်လို့ ဆိုလိုတာ ဖြစ်တယ်လို့သူက ပြောပါတယ်။ ခွင့်လွှတ် တယ်ဆိုတာကို တခါတရံ ဥပဒေသမားတွေက ခွင့်လွှတ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ တရားခံက ပြစ်ဒဏ်ကို အသိအမှတ်ပြုပြီး ဒီပြစ်ဒဏ်ရဲ့တစိတ်တပိုင်းကို ကျခံမယ်ဆိုရင်တော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ထပ်စင်က သူ့ အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်၂ နှစ်ကို ကျခံတာ မလုပ်ရသေးပါဘူး။ လို့ အဖိဆစ်က ထောက်ပြ ပြောဆိုပါတယ်။
အနိုင်ရပါတီအနေနဲ့ အစိုးရဖွဲ့ဖို့ ပထမဆုံးအခွင့်အလမ်း ရှိရပါမယ်။ လို့ ခွန်ယင်လပ်က ထပ်လောင်းပြောဆိုပါတယ်။ စေ့စပ်ကြေအေးလို့မရတဲ့ ကွဲလွဲချက်တွေအပေါ်မှာ ဖူးကျိုင်ထိုင်းပါတီနဲ့ မဟာမိတ်ဖွဲ့ဖို့ကို ပယ်ချလိုက်တဲ့ သူ့ပါတီရဲ့ ကြေညာချက်အတိုင်း သူမ ရပ်တည်တယ်ဆိုတာကို ခွန်ယင်လပ်ကလည်း ပြောပါတယ်။
Source:naytthit

No comments:

နေ့မှာ