မူလစာမျက်နှာ

Thursday, 3 February 2011

ဒုတိယ သမ္မတ သုံးဥင်္ီး အပြီးသတ်ရွေးချယ်


ရန်ကုန်၊ ဖေဖေါ်ဝါရီ (၃)
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် စစ်တပ်ကိုယ်စားလှယ်များ အစုအဖွဲ့ (၃)ခုတို့၏ ရွေးချယ်မှုများအပြီးတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဥိးသိန်းစိန်၊ ယခင် နအဖ အထွေထွေအတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် ကြံ့ ဖွံပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းတို့အား ဒုတိယ သမ္မတများအဖြစ် အပြီးသတ် ရွေးချယ်လိုက်ပြီ ဟုသိရပါသည်။
ဖုန်းအင်တာဗျူးတစ်ခုတွင် NDF ပါတီ၏ ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံကိုယ်စားလှယ် ဦးခင်မောင်ရီက ပြည်သူ့ လွှတ်တော် အစုအဖွဲ့က ဦးသိန်းစိန်ကိုရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော် အစု အဖွဲ့က ကြံ့ဖွံ့မှ ဒေါက်တာ စိုင်းမောက် ခမ်း ကို ရွေးချယ်ခဲ့ကာ၊ စစ်တပ်အစုအဖွဲ့မှ ရွေးချယ်ထားသော အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦး သည် လည်း ဒုတိယ သမ္မများအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်ဟု ပြောပြသွားခဲ့ပါသည်။ ပလောင် ဒီမိုကရက်တစ်ပါတီမှ ဦးစော သိန်းမောင်နှင့် ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့မှာမူ ရွေးချယ်ခြင်းမခံခဲ့ကြရပါ။
ဦးခင်မောင်ရီက ဆက်လက်ပြောဆိုရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ မနက်ဖြန်မနက် (၁၀) တွင် ပူးပေါင်းပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် ထိုဒုတိယ သမ္မတ သုံးဦးအနက်မှ သမ္မတကို ရွေးချယ်မည်ဖြစ်ပါ သည်။ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ် အများစုကမူ လက်ရှိ နအဖရာထူးများအရ သိန်းစိန် ပင် နိုင်ငံတော် သမ္မတ ဖြစ်လာလိမ့်မည်ဟု ပြောဆိုနေကြပါသည်။
Source:naytthit

No comments:

နေ့မှာ