ထိုင်း - မြန်မာ နယ်စပ် ဖုပ္ဖရ မြို့နယ်က ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးတွေ တက်တဲ့ ကျောင်းလေးပါ။ ကော်သူးလေ ကျောင်းလို့ အမည်ရပါတယ်။ အဲဒီကျောင်းလေးကို နိုင်ငံတကာ အလှူရှင်တွေက ငွေကြေးထောက်ပံ့မှု ဖြတ်တောက်လိုက်တာကြောင့် ကျောင်းက ကလေး ၄၀၀ နီးပါးဟာ ထမင်းကို ငါးပိရည်နဲ့ပဲ နေ့တိုင်း စားနေရတယ်လို့သိရပါတယ်။ မနက်အစောစာနဲ့ ညစာပဲ စားရပြီး နေ့လယ်စာ လုံးဝ မစားရပါဘူး။ အဲဒီလို ကျောင်းမျိုး ဘယ်နှကျောင်းရှိလဲဆိုတာတော့ မသိပါဘူး။ မဲဆောက်မှာတင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား သားသမီးတွေ တက်နေ့တဲ့ ကျောင်းပေါင်း ၄၀ ကျော်ရှိပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလဲ အဲဒီလို ကျောင်းမျိုးတွေရှိနေပါတယ်။ တချို့ စာသင်တဲ့ ဆရာတွေဆိုရင် တနှစ်လုံးကိုမှ ဘတ် ၃၀၀၀ (ကျပ် ၁ သိန်းနီးပါး)၊ ဘတ် ၆၀၀၀ (ကျပ် ၂ သိန်းနီးပါး) သာ လစာရပါတယ်။
Source:irrawaddyblog
No comments:
Post a Comment