သောကြာနေ့, 18 ဖေဖော်ဝါရီလ 2011 19:46
ဆရာတော် ဘစ်ရှော့ တျေဖဲ စီးနေကျ ကားကို ကရင်နီတပ်မတော်မှ မှားယွင်းပစ်ခတ်မှုနှင့် ပါတ်သက်ပြီး ဆရာတော်အား ပြန်လှည်ဝန်ချတောင်းပန်ရန် လိုအပ်ကြောင်း ကရင်နီပြည်ရှိ ဘာသာရေးခေါင်းဆောင် အသိုင်းအ၀ိုင်းမှ လာသည့် သတင်းအရ သိရသည်။
လွိုင်ကော်သာတနာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် ဆရာတော် တျေဖဲ
ကရင်နီပြည် လွိုင်ကော်သာတနာ ကက်သလစ် ခရစ်ယာဂိုဏ်းအုပ် ဆရာတော် ဘစ်ရှော့ တျေဖဲကား (နံပါတ်= ၄/က ၃၇၅၄)အား ပြီးခဲ့သည့် ၁၂ ရက်နေ့က ဖရူဆိုမြို့နယ် ရေဖရားကျေးရွာ နဘေး၏ တံတားထိပ်တွင် ကရင်နီတပ်မတော်တို့မှ မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
မှားယွင်းပစ်ခတ်မှုနှင့် ပါတ်သက်၍ ကရင်နီတပ်မတော် စစ်ဦးရုံးမှ အရာရှိ ဗိုလ်မြာဒူက “ခရိုင် ၃ ပျောက်ကျားတပ်မှ တပ်ကြပ် နိုးနိုက သူရွာထဲ ၀င်တယ်။ နောက်ပြီး အဲဒီရွာမှာ မင်္သကာတဲ့ လူ ၃ ယောက်က ထွက်ပြေးတယ်လေ။ အဲဒါ အဲဒီလူတွေကို သူလိုက်ပစ်တဲ့ အချိန်မှာ ကိုယ်တော်ကားလည်း ကွက်တိ လာတော့ ကိုယ်တော်ကားကို နည်းနည်း ရှထိသွားတယ်။ အဲဒီ ကိုယ်တော်ကားကို တမင်သက်သက် ပစ်တာ မဟုတ်ဘူး။ မှားပြီး ပစ်တာလည်း မဟုတ်ဘူး” ဟု ရှင်းပြပါသည်။
ဆရာတော် တျေဖဲကို ပုပ်ရဟန်းမင်းကြီး Benedict XVI မှ လွိုင်ကော်သာတနာ ဂိုဏ်းအုပ်အဖြစ် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တင်မြောက်ပေးခဲ့ပါသည်။
Source:ktimes
No comments:
Post a Comment