သတင်း ရရှိပါသည်။
ရယူထားသည့် ဘာသာတွဲနှင့် ကိုက်ညီမှုမရှိသော မေဂျာများကို ရွေးချယ်ထားသည့်ကျောင်းသားများ၊ အထက်တန်း အဆင့်တွင် မိမိ ၀ါသနာအရ လေ့လာလိုသော ဘာသာတွဲများ ရွေးချယ်ခွင့် မရရှိခဲ့သည့် ကျောင်းသားများနှင့် ကျောင်းသားများကို အကြံဥာဏ်ပေးနိုင်သည့် ဆရာဆရာမများ မထားရှိခြင်းတို့ကြောင့် အထက်တန်း ကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသား အများစုကြီး စိတ်ဓါတ်ကျဆင်းနေကြကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်က ၀ိဇ္ဇာတွဲက ဘောဂဗေဒဘာသာကို စိတ်ဝင်စားပါတယ်။ အဲဒါနဲ့ ယူဖြစ်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်လည်း လျှောက်ရော Eco ကိုဝင်ခွင့်မရဘဲ သိပ္ပံလိုင်းကို ယူရတယ်ဗျာ။ အရမ်းကို စိတ်ဓါတ်ကျဆင်းနေတာ။ ကျောင်းဆက်တက်ချင် စိတ်တောင် ကုန်ခမ်းသွားတယ်။” ယူလိုသည့် မေဂျာမရှိသည့် ကျောင်းသားတစ်ဦး၏ ရင်ဖွင့်သံကိုလည်း ကြားသိနေရပါသည်။
သက်မွေးသင်တန်းများ ၀င်ရောက်ခွင့်အတွက်လည်း များစွာ ကန့်သတ်ထားရှိဆဲဖြစ်ပြီး လုပ်ငန်းခွင်နှင့် အဆက်အစပ် မရှိသည့်အတွက် ဘွဲ့ဒီဂရီများအပေါ် စိတ်ပါဝင်စားမှု လျော့နည်းလို့လာသည်ဟုလည်း တတိယနှစ် စိုက်ပျိုးရေး တက္ကသိုလ်ကျောင်းသူတစ်ဦးက မောက္ခကို ပြောပြခဲ့သည်။
“institute တော့ ၀င်ခဲ့တာပါပဲ။ ဒါပေမဲ့ ကျောင်းပြီးရင်လည်း လုပ်ငန်းခွင်နေရာ မရှိဘူးဆိုတာ သိထားပြီးသားပါ။ အိမ်က တက်ဆိုလို့သာ သမီးနဲ့ သူငယ်ချင်းအများစုက တက်နေကြရတာလေ။”
ရမှတ်နှင့် တိုင်းတာပြီး တက္ကသိုလ် ၀င်ရောက်ခွင့် တစ်ခုတည်းသာ မဟုတ်ဘဲ ၀ါသနာနှင့် ဗီဇအရ ရွေးချယ်မှုများအတွက် ကူညီပံ့ပိုးပေးမှုများ များစွာ လိုအပ်နေကြောင်းလည်း သတင်းရရှိသည်။
Source:maukkha
No comments:
Post a Comment