အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းချက်ကို နအဖ စစ်အစိုးရက ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ပြန်တမ်းထုတ်ပြန်ထားကြောင်း NHK ဂျပန်ရုပ်သံသတင်းဋ္ဌာနက သတင်းထုတ်လွှင့်သည်။
၆၄ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြသနေသည့် တပ်မတော်သားများ (ဓါတ်ပုံ- ခင်မောင်ဝင်း AP)
အကယ်၍ စစ်မှုထမ်းရန် ပျက်ကွက်ပါက ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ကျခံစေရန် ပြဋ္ဌာန်းထားကြောင်း သိရသည်။
နအဖက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံသားတိုင်း ဥပဒေနှင့် အညီ စစ်ပညာသင်ရန်နှင့် နိုင်ငံကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေအသက်မ၀င်ခင် ကတည်းက စစ်မှုထမ်းခြင်း ဥပဒေကို ကြိုတင်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီးဖွဲ့ စည်းပုံ အာဏာစတင်တည်ချိန်တွင် လက်တွေ့ကျင့်သုံးတော့မည် ဖြစ်သည်။
ထို့အပြင် တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံလုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေး စီမံဆောင်ရွက်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံတွင် ရေးဆွဲပြဋ္ဌာန်းထားသည်။
လက်ရှိ မြန်မာ့တပ်မတော်တွင် တပ်ပြေးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး အရွယ်မရောက်သေးသည့် ကလေးများအား စစ်တပ်အတွင်း အတင်းအဓမ္မ သွတ်သွင်းမှုများရှိနေရာ ဖွဲ့စည်းပုံဥပဒေအရ တရားဝင် စစ်သားသစ် စုဆောင်းခွင့်ကို ရရှိစေမည်ဟု လေ့လာသူများက ထောက်ပြသည်။
နအဖနှင့် တိုင်းရင်းသားများအကြား လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေရာ တိုင်းရင်းသား လက်နက်ကိုင်များကို နှိမ်နင်းရာတွင် ယခုစစ်မှုထမ်းခြင်းဥပဒေက များစွာအထောက်အကူပြုမည်ဟု ဆိုသည်။
Source:mongloi
No comments:
Post a Comment