မူလစာမျက်နှာ

Friday, 28 January 2011

ရေဒီယို လျှော့၊ တီဗီ တိုးချဲ့မည့် DVB

  ထောက်ပံ့ငွေအချို့ ပြတ်တောက်သွားသော နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB အနေဖြင့် ပုံမှန်ထုတ်လွှင့်သော ရေဒီယိုအစီအစဉ်တခု ရပ်ဆိုင်းခြင်း အပါအဝင် အသုံးစရိတ် လျော့ချမှုများ ပြုလုပ်မှာ ဖြစ်သည်။

သို့သော်လည်း တခုတည်းသော ပြည်ပအခြေစိုက် ရုပ်သံသတင်းထုတ်လွှင့်မှု လုပ်နေသော DVB အနေဖြင့် ရုပ်သံထုတ်လွှင့်မှုပိုင်းကို တိုးချဲ့ရန် ပြင်ဆင်မှုများ လုပ်လျက်ရှိသည်။

ရန်ပုံငွေ လျှော့ချခြင်းနှင့် အကျိုးဆက်၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာလမ်းကြောင်း ဘယ်လဲ၊ DVB ၏ Short Wave ရေဒီယိုလှိုင်း အစီအစဉ်တခု ရပ်ဆိုင်းမှုနှင့် သက်ရောက်မှု၊ အလှူရှင်များ မူဝါဒအပြောင်းအလဲ၊ ဘဏ္ဍာငွေ ထောက်ပံ့မှု အလားအလာ စသည်များများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ထွန်းထွန်းက DVB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ထောက်ပံ့မှုထဲက ဘယ်လောက်ရာခိုင်နှုန်းလောက် လျှော့ချခံရသလဲ။ ပမာဏအားဖြင့် ဘယ်လောက်ရှိပါလဲ ခင်ဗျ။

’’ကျနော်တို့ ၁၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ၅ သိန်း (အမေရိကန်ဒေါ်လာ) လောက် ရှိပါတယ်’’

ဒီလိုရပ်ဆိုင်းသွားတဲ့အတွက် ပုံမှန်လည်ပတ်မှုထဲက ဘယ်ကဏ္ဍတွေ ထိခိုက်သွားမလဲ။

“ကျနော်တို့ အတိအကျကတော့ ရေဒီယိုအချိန်လျှော့ဖို့ ရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ Entertainment (ဖျော်ဖြေရေး) နဲ့ ပတ်သက်တဲ့ Program (အစီအစဉ်) ကို ကျနော်တို့ လျှော့ဖို့ရှိပါတယ်။ နောက်တခုက ရှိတဲ့ အော်ပရေးရှင်းတချို့ကို လျှော့ဖို့ရှိပါတယ်”

လျှော့ချရမယ့်အတွက် ဘယ်လိုထိခိုက်မှုတွေ ရှိသွားမလဲ။

“အဓိကက ကျနော်ထင်တာ ရေဒီယိုမှာ ရေဒီယိုရဲ့အချိန် လျှော့လိုက်တဲ့ အပိုင်းပေါ့နော်။ အဲဒီမှာတော့ တော်တော်လေး ထိမယ်။ ဒါပေမဲ့ တဖက်ကလည်း ကျနော်တို့အနေနဲ့ ပြည်တွင်းရဲ့ Impact (သက်ရောက်မှု) ကို၊ ကျနော်တို့ အခုလုပ်နေတဲ့ အလုပ်မှာ ပြည်တွင်းမှာရှိတဲ့ သောတရှင်တွေအတွက် မထိခိုက်နိုင်အောင် ပေါ့နော်။ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အဓိကထားပြီး ကျန်တဲ့အပိုင်းကို ကျနော်တို့ လျှော့နိုင်သမျှ လျှော့မယ်။ ဥပမာ စောစောကလို အော်စလိုရုံးရဲ့ Operation လျှော့တဲ့ဟာမျိုး။ အဲဒါမျိုးဆိုရင် ကျနော်တို့ Program အပိုင်းမှာ ကျနော်တို့ မထိဘူး။ ဒါပေမဲ့ ဒီဘက်ဂျက်အပိုင်းမှာတော့ ကျနော်တို့ Cut လုပ်လို့ရတယ်။ အဲဒီလိုဟာမျိုးတွေကို ကျနော်တို့ အဓိကထားပြီး လုပ်မယ်”

အစီအစဉ်တချို့ လျှော့ချရလို့ ပြည်တွင်းပရိသတ်တွေအတွက် ဘယ်လောက်များ ထိခိုက်နစ်နာသွားမယ်လို့ ထင်သလဲ။

“ကျနော်မြင်တာတော့ အများကြီးတော့ မထိခိုက်နိုင်ပါဘူး။ မထိခိုက်နိုင်ဘူးဆိုတာ အဓိကကတော့ ခုနက ရေဒီယို မနက်ပိုင်းကို ကျနော်တို့ လျှော့ဖို့ ရှိတယ်။ ရေဒီယိုအသံလွှင့်တဲ့ လုပ်ငန်းပေါ့နော်။ မနက်ပိုင်းကို လျှော့ဖို့ရှိတဲ့ အတွက်ကြောင့် အဲဒီမှာတော့ Short Wave (လှိုင်းတို) နဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျနော်တို့ ရေဒီယိုလျှော့တယ်ဆိုပေမယ့် တီဗီပိုင်းမှာ ကျနော်တို့ ပြန်ချဲ့ဖို့ ရှိပါတယ်။ တီဗီကို ဒီ့ထက်ပိုပြီးတော့ပေါ့။ အခုတော့ ကျနော်တို့ တနေ့ကို ၃၊ ၄ နာရီလောက် လွှင့်နေတာ ရှိတယ်။ အဲဒါကို Extend (တိုးချဲ့) လုပ်ပြီးတော့ အချိန်တော်တော်များများ လွှင့်သွားဖို့ ရှိပါတယ်။ အဓိကကတော့ ဒီသတင်းကဏ္ဍပေါ့”

“ကျနော်တို့ တီဗီက ၂၄ နာရီ ရထားတဲ့အတွက်ကြောင့် တီဗီမှာ ကျနော်တို့ တော်တော်များများကို ချဲ့သွားမယ်။ ချဲ့သွားတဲ့အပိုင်းမှာဆိုရင် သောတရှင်တွေက မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခုထက်ကို ပိုပြီးတော့ သိလာမှာပါ”

ဘတ်ဂျက်အလျှော့ခံရတာက ဘာကြောင့်လဲဗျ။

မနက်ပိုင်းကို လျှော့ဖို့ရှိတဲ့ အတွက်ကြောင့် အဲဒီမှာတော့ Short Wave (လှိုင်းတို) နဲ့ ပတ်သက်ပြီးတော့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့  တချိန်တည်းမှာပဲ ကျနော်တို့ ရေဒီယိုလျှော့တယ်ဆိုပေမယ့် တီဗီပိုင်းမှာ ကျနော်တို့ ပြန်ချဲ့ဖို့ ရှိပါတယ်။
“Funding လျှော့ချခံရတာ မဟုတ်ဘူး။ မဟုတ်ဘူးဆိုတာက ခုနက ကျနော်ပြောသလိုပဲ ကျနော်တို့ကို ပေးနေတဲ့ Donors (အလှူရှင်) တွေ ရှိတယ်ပေါ့နော်။ ရှိတဲ့အထဲမှာ Donors ၂ ခု။ သူတို့က ကျနော်တို့ကို လျှော့တာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့အတွင်းမှာရှိတဲ့ အခြေအနေအရ ဖြစ်တဲ့ ပြဿနာပေါ့နော်။ ဆိုတော့ အဲဒါ သူတို့ကိုလည်း Blame (အပြစ်တင်) လုပ်လို့ မရဘူး။ နိုင်ငံရေးကိစ္စနဲ့လည်း မဆိုင်ဘူး။ ဆိုတော့ ကျနော်တို့ ဘယ်သူ့ကိုမှလည်း Blame လုပ်လို့ မရဘူး။ ဒီဟာ Over the control။ ဘယ်သူ့ ဘယ်သူကိုမှ control လုပ်လို့ မရတဲ့ ပြဿနာ”

“ကျနော်တို့ထဲမှာဆို Donor တခုထဲ ရှိတယ်၊ ၃ နှစ်စာ သဘောတူညီချက်နဲ့ ဒါမျိုးပေးတဲ့ဟာ။ ဘယ် Donor မှ တနှစ်ထက်ကြိုပြီး မပေးကြဘူး၊ အများစုက။ ဆိုတော့ သူတို့မှာလည်း သူတို့ Rights (အခွင့်အရေး) ရှိတယ်လေ။ ဒီနှစ်ပြည့်တော့ ငါတို့ မပေးတော့ဘူးပေါ့ဆိုတဲ့ အဲဒီလို Rights မျိုးကလည်း ရှိကြတာ။"

“ရေရှည်ကို တွေးမယ်ဆိုရင် ကြည့်ရမှာက အခုရှိပြီးသား Donor တွေလည်း တကယ်တမ်း ပြောရရင် ဖြစ်နိုင်တာပေါ့။ သူတို့ Beyond control ဖြစ်လာမယ်ဆိုရင် ဒီလိုအခြေအနေမျိုးက ကျနော်တို့ တချိန်မဟုတ် တချိန်ပေါ့နော်။ ကျနော်တို့ စဉ်းစားဖို့လိုတာကတော့ အဲဒီလိုကြုံလာတဲ့အခါမှာ ဘယ်လို Recover လုပ်မလဲဆိုတဲ့ ဟာကိုတော့ ကျနော်တို့ Plan လုပ်ဖို့တော့ လိုတာပေါ့။ စဉ်းစားဖို့ လိုတယ်။ ကြိုတင်ကာကွယ်ထားဖို့ လိုမယ် အဲဒီအပိုင်းတွေ”

တကယ်လို့ နောက်ထပ်လျှော့ချမှုတွေ ရှိလာခဲ့မယ်ဆိုရင် ဘယ်လိုမျိုး အစားထိုးလုပ်သွားနိုင်မလဲ။

“ကျနော်တို့တော့ အမျိုးစုံတော့ ပြင်ထားပါတယ်။ နောက်တခုက လျှော့တယ်ဆိုတာက တကယ်ကတော့ ကျနော်တို့ကို လျှော့လိုက်တာတော့ မဟုတ်ဘူး၊ ပြောရရင်တော့။ ဘယ်လိုပြောမလဲ။ ကျနော်တို့ကို ပေးနေတဲ့ အဖွဲ့အစည်းတွေမှာ သူတို့ရဲ့ မမြင်နိုင်တဲ့ ပြဿနာတွေပေါ့နော်။ အဲဒါမျိုးနဲ့ သွားပြီးတော့ ဖြစ်တဲ့ကိစ္စပေါ့။ ကျနော်တို့ ဒီဗီဘီရဲ့ လုပ်ငန်းကိုင်ငန်းတွေကို သဘောမကျလို့ ကျနော်တို့ကို Budget Cut လုပ်တယ် အဲဒီလို ပုံစံမျိုး မဟုတ်ပါဘူး။ မဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်ကို Control မလုပ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာလို့ ဒါ ဖြစ်သွားတဲ့ ပြဿနာပဲ”

“ဆိုတော့ တပိုင်းကလည်း ကျနော်တို့က ရေရှည်အတွက်ကိုတော့ စဉ်းစားရမယ်ဆိုတာက ကျနော်တို့ မီဒီယာ လုပ်ငန်းတွေက တနှစ်ကို (နှစ်စဉ်ပေါ့နော်) ဘတ်ဂျက်က ပြန်သွားနေရတာဆိုတော့ အဲဒီအတိုင်း သွားလို့တော့ မရဘူး။”

BBC မြန်မာပိုင်းလည်း လျှော့ချခံရတာမျိုး ရှိနေပါတယ်။ တချို့ အင်တာနက် အွန်လိုင်းသတင်းဌာန တချို့ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ မဂ္ဂဇင်း၊ ဂျာနယ် ရပ်ဆိုင်းလိုက်တာမျိုးလည်း ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေတွေကြောင့် ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေ ပုံစံပြောင်းလဲလာမယ့် အနေအထားမျိုး ရှိလားဗျ။

“ကျနော်မြင်တာကတော့ ကျနော်တို့ သေချာတော့စဉ်းစားဖို့လိုတယ်ဆိုတာ ကျနော်တို့ Exile Media တွေ အကုန်လုံး သွားနေရတဲ့ဟာက မီဒီယာဆိုပေမယ့် ကျနော်တို့ကို ပေးနေတဲ့ Donor တွေရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးနဲ့ ပတ်သက်နေတာ။ မြန်မာပြည်ထဲမှာ နိုင်ငံရေးအခြေအနေတခုခု မကောင်းလို့၊ မီဒီယာလွတ်လပ်ခွင့် မရှိလို့ ထောက်ပံ့နေတာ။ မီဒီယာတခုကို မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ ဟာမျိုးနဲ့ သွားနေတာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ပြောရရင် နိုင်ငံရေးပေါ်လစီအရ သွားကြတာ။ ပြင်ပနိုင်ငံတွေက နိုင်ငံရေးပေါ်လစီ ပြောင်းမယ်ဆိုရင် ကျနော်တို့မှာလည်း Effect ဖြစ်မှာပဲ”

မီဒီယာတခုကို မြေတောင် မြှောက်ပေး မယ်ဆိုတဲ့ ဟာမျိုးနဲ့ သွားနေတာ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ ပြောရရင် နိုင်ငံရေးပေါ်လစီအရ သွားကြတာ။ ပြင်ပနိုင်ငံတွေက နိုင်ငံရေးပေါ်လစီ ပြောင်းမယ်ဆိုရင် ကျနော်တို့မှာလည်း Effect ဖြစ်မှာပဲ
“အန္တရာယ်ကတော့ ရှိတယ်။ ရှိတယ်ဆိုတာ စိန်ခေါ်မှုက ကျနော်တို့အတွက် တော်တော်လေး ကြီးပါတယ်။ ကြီးတယ်ဆိုတာက ဘာပဲပြောပြော ဒီမီဒီယာလုပ်ငန်း လုပ်ပြီဆိုကတည်းကိုက ဒီနေ့ အသံလွှင့်မယ်ဆိုရင် လွှင့်ကို လွှင့်ရမယ်။ ၇ နာရီလွှင့်မယ် လွှင့်ရမယ်။ ၈ နာရီလွှင့်မယ်ဆို လွှင့်ရမယ်။ တနေ့ ၂ နာရီလွှင့်ရမယ်ဆို ၂ နာရီ လွှင့်ရမယ်။ ဒီကောင်က ရပ်လို့ မရဘူး။ ဆိုတော့ ကျနော်တို့အနေနဲ့က ရေရှည်ကို စီမံကိန်းဆွဲပြီး လုပ်ရမယ့် အလုပ်ကိုး။ အဲဒီမှာ ဒီ Funding ကို သေချာအခိုင်အမာ မတည်ဆောက်နိုင်ဘူးဆိုရင် ကျနော်တို့အတွက် အန္တရာယ် တော်တော်လေး ကြီးပါတယ်။ ကျနော်တို့ဆိုတာလေ ပြင်ပမီဒီယာတွေ အကုန်လုံးပေါ့။ မဇ္ဈိမပဲဖြစ်ဖြစ်၊ ဧရာဝတီပဲပြောပြော၊ ဒီဗီဘီပဲပြောပြော အကုန်လုံးက ဒီလိုပုံစံပဲ”

“နောက်တခုက ပိုဆိုးတာကတော့ မြန်မာပြည်ထဲမှာ အခုအချိန်ထိကို လွတ်လပ်မှု မရှိသေးတဲ့အချိန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်။ ဒီနေ့ဆိုလည်း Human Rights Council မှာ နအဖဘက်က လူတွေက ပြောသွားတဲ့ဟာတွေ အကုန်လုံး လိမ်သွားတဲ့ ဟာတွေချည်းပဲ။ ဆိုတော့ ဒီဟာတွေကို ဖော်ထုတ်မယ်ဆိုရင် ပြည်ပမီဒီယာတွေကပဲ ဖော်ထုတ်လို့ရမှာ။ ပြည်တွင်းမီဒီယာတွေက တခုမှလည်း ရေးလို့ မရဘူး။ သိတောင်မှ ရေးလို့မရဘူး။ ဟို ဘာမှ လုပ်လို့မရဘူး။ ဆိုတော့ အဲဒီအချိန်မျိုးမှာ ကျနော်မြင်တာ ဒီ ပြင်ပမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးတယ်။ ဗမာပြည်သူတွေအတွက်ကော၊ ပြင်ပမှာရှိတဲ့ အစိုးရတွေကော၊ NGO တွေကော၊ ပြင်ပမှာရှိတဲ့ လူထုတွေကော၊ သူတို့ တကယ် မြန်မာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တကယ်အမှန်အတိုင်း သိဖို့ဆိုရင် အပြင်မီဒီယာတွေကို မှီခိုမှပဲ ရမယ်။ အပြင်မီဒီယာတွေက အခုလိုမျိုး အသက်မရှင်နိုင်ဘူးဆိုရင်တော့ တကယ်ကို စိုးရိမ်ရာ ဖြစ်နေပါတယ်”

အလှူရှင် တော်တော်များများက မြန်မာပြည်ထဲကို ဦးစားပေး ကူညီဖို့ စိတ်ကူးတွေရှိတယ်လို့ အသံတွေ ထွက်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုများ မှတ်ချက်ပေးချင်သလဲ။

“ကောလာဟလလည်း ပါပါတယ်။ တချို့ တကယ်ဖြစ်နေတဲ့ ဟာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော် မြင်တာကတော့ အထူးသဖြင့် ကျနော်တို့ကို ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေပေါ့နော်။ Europe တို့၊ အမေရိကားတို့။ ဟို သူတို့ အထဲမှာဝင်ပြီးတော့ အထဲမှာ လုပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချိန်တည်း အထဲကို သူတို့ဝင်တယ်ဆိုတိုင်း အပြင်မှာရှိတဲ့ လုပ်ငန်းတွေကို ဆက်ပြီးတော့ ထောက်ပံ့နေတယ်ဆိုတဲ့ သူတို့ဘက်က Commitment တွေလည်း ရှိတာ မြင်ပါတယ်

ဒီနေ့ဆိုလည်း Human Rights Council မှာ နအဖဘက်က လူတွေက ပြောသွားတဲ့ ဟာတွေ အကုန်လုံး လိမ်သွားတဲ့ ဟာတွေ ချည်းပဲ။ ဆိုတော့ ဒီဟာတွေကို ဖော်ထုတ် မယ်ဆိုရင် ပြည်ပမီဒီယာတွေကပဲ ဖော်ထုတ်လို့ရမှာ။ ပြည်တွင်းမီဒီယာတွေက တခုမှလည်း ရေးလို့ မရဘူး။ သိတောင်မှ ရေးလို့မရဘူး။
“ဒါပေမဲ့ တဖက်က ပြန်ကြည့်ရင်တော့ သူတို့ကို မင်းတို့ အထဲဝင်ရကောင်းလား၊ မင်းတို့ ငါတို့ကို ဖြတ်ရကောင်းလား ဆိုပြီးတော့ အပြစ်ပုံချလို့ ရပါတယ်။ ဒါပေမဲ့ တဖက်က ပြန်စဉ်းစားဖို့ လိုတာက သူတို့ ဘာလို့ အထဲဝင်သွားသလဲ။ ပြီးတော့ တချို့အဖွဲ့အစည်းတွေကို ဘာလို့ ဖြတ်သလဲ။ ဥပမာ ကျနော်တို့ကို ဘာလို့ ဖြတ်သလဲ။ ဥပမာ ဖြတ်ခဲ့တယ်ဆိုရင်တောင်မှ ဥပမာပြောတာနော်။ ကျနော်တို့ အကုန်လုံးကို ခြုံပြီးတော့ စဉ်းစားဖို့တော့ လိုတာပေါ့။ ဘာလို့ဆိုတော့ ဒီအဖွဲ့အစည်းတွေအကုန်လုံးက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှုကို လွန်ခဲ့တဲ့ အနှစ် ၂ဝ တောက်လျှောက် ထောက်ခံခဲ့တယ်၊ ထောက်ပံ့ခဲ့တယ်။ အခု အချိန်မှာ သူတို့ရဲ့ Ideology တွေ၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ သူတို့ရဲ့ နည်းဗျူဟာတွေ တဖြည်းဖြည်း ပြောင်းသွားတယ်’’

“ဆိုတော့ အဲဒီ့ပြောင်းသွားတဲ့ဟာက ဘာလို့ ပြောင်းသွားသလဲဆိုတဲ့ဟာကိုတော့ ကျနော်တို့အားလုံး စဉ်းစားဖို့တော့ လိုတယ်။ သူတို့ကိုချည်းပဲ မင်းတို့ ပြောင်းရကောင်းလား ဆိုပြီးတော့ အပြစ်ပုံချလို့တော့ မရဘူး။ အထူးသဖြင့် ပိုဆိုးတာကတော့ ကျနော်တို့အမြင်အရ အထဲမှာ တကယ်တမ်း လက်တွေ့အရ ပြောင်းတာမဟုတ်ဘူး။ အပေါ်ယံပြောင်းတဲ့ ပုံစံမျိုးပေါ့။ ရွေးကောက်ပွဲ လုပ်လာတယ်၊ အခြေခံဥပဒေ ရှိလာတယ်၊ အရပ်သားအစိုးရ ထွက်လာမယ်ဆိုတဲ့ အပေါ်ယံအပြောင်းအလဲလေးနဲ့ သူတို့ ယုံသွားတယ်ဆိုရင် တကယ်တမ်းပြောရင် ကျနော်တို့ ညံ့သလို ဖြစ်တာပေါ့’’

ဒီ့ထက် လျှော့နည်းသွားမယ်ဆိုရင် DVB ဘာဆက်လုပ်မလဲဗျ။

“အခု ပြောလို့ရသလောက် ပြောရမယ်ဆိုရင် အခုကတည်းကိုက ကျနော်တို့ စပြီးတော့ အစီအစဉ်တွေ ဆွဲနေပါပြီ။ ဥပမာ ထားပါတော့ ခုနကလို Income Generate ပေါ့။ Alliance ပုံစံမျိုး ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ ကိုယ့်ဟာကိုယ် ရပ်တည်ရမယ်။ အခု ကျနော်တို့ရှိပြီးသား လုပ်ငန်းတွေကနေ ဘယ်လိုမျိုး Income Generate လုပ်လို့ရမလဲ။ တချို့အပိုင်းတွေ စအကောင်အထည်ဖော်နေတဲ့ အပိုင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ ပြောရရင်တော့ အခု ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ အယုံအကြည် အပြည့်ရှိပါတယ်။ ရှိတယ်ဆိုတာက သူတို့ကိုယ်တိုင်လည်း ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းကို အောင်မြင်တယ်ဆိုတာကို သူတို့ ထောက်ခံတယ်။ အရေးကြီးတယ် ဆိုတာကိုလည်း သူတို့ အသိအမှတ်ပြုတယ်၊ ယုံလည်း ယုံကြည်တယ်။ ဆိုတော့ ရှေ့လာမယ့်နှစ် ၄၊ ၅၊ ၆ နှစ်ကတော့ ကျနော်တို့ လုံးဝ စိတ်မပူရဘူး။ မပူဘူးဆိုတာ မြန်မာပြည်ထဲမှာ ပြောင်းလဲမှု မရှိသရွေ့၊ အခုလို အစိုးရ ပိတ်ဆို့ထားသရွေ့ ခုနက အကုန်လုံးပေါ့နော်၊ ပြည်ပမီဒီယာတွေ အရေးကြီးတဲ့ အခန်းကဏ္ဍ အရေးကြီး နေဦးမှာပေါ့”

ဆိုတော့ ရှေ့လာမယ့်နှစ် ၄၊ ၅၊ ၆ နှစ် ကတော့ ကျနော်တို့ လုံးဝ စိတ်မပူရဘူး။ မပူဘူးဆိုတာ မြန်မာပြည်ထဲမှာ ပြောင်းလဲမှု မရှိသရွေ့၊ အခုလို အစိုးရ ပိတ်ဆို့ထားသရွေ့ ခုနက အကုန်လုံး ပေါ့နော်၊ ပြည်ပမီဒီယာတွေ အရေးကြီးတဲ့ အခန်းကဏ္ဍ အရေးကြီး နေဦးမှာပေါ့
“တကယ်တမ်း နအဖသာ ပြောင်းသွားမယ်နော်။ မီဒီယာလွတ်လပ်ခွင့်လည်း ပေးမယ်။ မြန်မာပြည်ထဲမှာ ရေးချင်တာ ရေးဆိုရင် အဲဒါဆိုရင် ဘယ်လိုပြောမလဲ ကျနော်တို့လည်း မလုပ်ဘူး။ ဒီဘက်မှာ နေစရာမလိုဘူး။ ကျနော်တို့ကိုယ်တိုင် အထဲဝင်မယ်။ ကျနော်မြင်တာကတော့ အဓိကက နအဖအပေါ်မှာပဲ မူတည်ပါတယ်။ မူတည်တယ်ဆိုတာက သူတို့က မီဒီယာကို ပိတ်ဆို့ထားမယ်၊ ရေးချင်တာ ရေးခွင့်မရှိဘူး။ ပြောချင် တာ ပြောခွင့်မရှိဘူးဆိုရင် ကျနော်တို့ရဲ့ အခန်းကဏ္ဍက အရေးကြီးနေမှာပဲ။ အဲဒီ့ အရေးကြီးနေတဲ့တချိန် တည်းမှာပဲ ဒီ အနောက်နိုင်ငံတွေကကော ဒီမိုကရေစီလိုလားတဲ့ အစိုးရတွေကကော ကျနော်တို့ကို ဆက်ပြီး ထောက်ခံနေဦးမှာပဲ။ ထောက်ပံ့နေဦးမှာပဲ။ ကျနော် အဲဒါတော့ သံသယမရှိပါဘူး။ ကိုယ့်ဘက်က ပြင်တာ ပြင်တာ တပိုင်းပေါ့နော်။ ဒါပေမဲ့ ဒီအနောက်နိုင်ငံ အစိုးရတွေက သူတို့မှာ နည်းဗျူဟာ ပြောင်းတာလေးတွေဘာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လည်း အဲဒီလောက်တော့ နအဖ လိမ်တဲ့အပေါ်မှာ သူတို့လည်း အဲဒီလောက် ညံ့တဲ့ဟာ မဟုတ်ပါဘူး”

“နောက်တခုက သူတို့အနေနဲ့ ပြောမယ်ဆိုရင် ဒီဘက်နိုင်ငံ အစိုးရတွေက သူတို့ဆုံးဖြတ်တာ၊ သူတို့ မူဝါဒ ပြောင်းတာ တချို့ဟာတွေကို လုပ်လို့ရပေမယ့် သူတို့လူတွေ ရှိသေးတယ်။ သူတို့ရဲ့ လူထုရှိတယ်၊ သူတို့ရဲ့ NGO တွေ ရှိတယ်။ သူတို့ရဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ ရှိတယ်။ ဆိုတော့ ဒီလူတွေရဲ့ ပြောစကားလည်း သူတို့ ဂရုစိုက်ရမှာ။ နားထောင်ရမှာ။ သူတို့ လုပ်ချင်တာလည်း လုပ်လို့ မရပါဘူး”

ပြည်တွင်းမှာ ရှိတဲ့ လူတွေက ပြည်ပအခြေစိုက် မီဒီယာတွေကို ထောက်ပံ့မှု လျှော့ချတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် DVB ရဲ့ ပရိသတ်ကိုရော ဘာများ ပြောချင်သလဲခင်ဗျ။

“အခုလို ရေဒီယိုအချိန်ကို လျှော့ချရတဲ့အတွက် အရမ်းကို စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တဖက်က ကျနော်တို့ အတတ်နိုင်ဆုံး လုပ်နေတဲ့ လုပ်ငန်းတွေကို ဆက်ပြီး ကြိုးစားသွားမယ်။ နောက်တခုကတော့ ကျနော်တို့ တီဗီမှာ အခုထက်ပိုပြီးတော့ကို အချိန်နဲ့ တပြေးညီလောက်နီးပါး ဖြစ်နိုင်အောင် သတင်းတွေကို ဆက်ပြီး တိုးချဲ့ပြီး လွှင့်သွားမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်မြင်တာ သောတရှင်တွေအတွက် ပြောရရင်တော့ အမှန်တကယ် Short Wave ကတော့ တနိုင်ငံလုံးမှာ အလွယ်တကူ ရနိုင်တယ်ပေါ့နော်။ တီဗီကတော့ ဘယ်လိုပြောမလဲ။ အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ တီဗီကနေ မြန်မာပြည်သူတွေအတွက် ပထမဦးဆုံးအကြိမ် ဖြစ်မှာပေါ့နော်။ ကျနော်တို့ အချိန်နဲ့ တပြေးညီဖြစ်အောင် နေ့စဉ်ထုတ်လွှင့်နိုင်အောင် ကြိုးစားနေပါတယ်”
Source:mizzimaburmese

No comments:

နေ့မှာ