မူလစာမျက်နှာ

Friday, 28 January 2011

ရန်ကုန်မြို့မှ ပေးစာ

ကျွန်တော် အကူအညီ တစ်ခု တောင်းချင်လို့ပါ
ကျွန်တော် တို့ အခက်အခဲ တစ်ခုကို တင်ပြ ပြီး
မီဒီယာ တွေအနေနဲ့ ကူညီစေချင်ပါတယ်
ရန်ကုန်မြို့လယ်ခေါင် (၃၃)လမ်း နှင့် အနော်ရထာထောင့် မှာရှိတဲ့
လူနေထိုင်တဲ့ တိုက်တစ်လုံးကို naing group နဲ့ စည်ပင်ပေါင်းပြီးဖျက်တာ
လူနေခန်းတွေကျန်ခဲ့တယ် အကို
အဲဒါ ရွှေမျက်မှန်ဆိုတဲ့ဆိုင်ရယ် အခြားလူနေခန်းရယ် ကျန်နေတာ
အခုတော့ ရွှေမျက်မှန်ဆိုင် တဆိုင်ပဲ ကျန်တော့တယ် ဒါပေမယ့် ပိုက်ဆံလည်း
အလျော်မပေး.အစားထိုးပြီးလည်းပြန်မပေးဘူး......နယ်တွေမှာ လယ်သိမ်းသလို
သိမ်းနေတယ်
အခုလည်း လူတွေနေနေရဲ့သားနဲ့ .......အတင်းဖျက်နေတယ် အကို
ဆွဲချမယ်လို့လည်းပြောနေတယ်......ရွှေမျက်မှန်ဆိုင်ကလည်း မတရားသဖြင့်
တောင်းဆိုမှုတွေ တစ်ခုမှ မလုပ်ပါဘူး..........သူတို့
အခန်းအတိုင်းအတာအတိုင်းပဲ ပြန်ရချင်တာပါ
ဒီလိုပဲ ......လက်လွတ်ပြီး ကိုယ့်ပိုင်တဲ့ အခန်းက လက်လွတ်ထွက်ပေးရမှာလား.......

ကူညီပေးပါအုံးအကို..မီဒီယာဆိုတာ အားတစ်ခုပါ..........ကူညီမယ့်သူမဲ့လို့
အကူအညီတောင်းဆိုပါတယ်.

Source:irrawaddyblog

No comments:

နေ့မှာ