ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။
အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။
အဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။
“ အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။
ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
Source:narinjara
No comments:
Post a Comment