မူလစာမျက်နှာ

Sunday, 2 January 2011

ခရစ္စမတ်နဲ့ နှစ်သစ်ကူးကြား အန္တရာယ် ၇ ရက်ကာလအတွင်း ပထမ ၂ ရက်မှာ ၇၉ ယောက်သေ


ဒီနှစ်သစ်မှာ ကားလမ်းပေါ်မတော်တဆဖြစ်ပွားမှုရဲ့အဓိက အကြောင်းရင်းက အရက်မူးပြီးကားမောင်းတာပဲ ဖြစ်နေတုန်း ပါ။ အန္တရာယ်ရှိတဲ့ ၇ ရက်တာလို့ သတ်မှတ်ထားတဲ့ကာလရဲ့ ပထမ ၂ ရက်အတွင်း ထိုင်းတနိုင်ငံလုံးမှာ ကားလမ်းပေါ် မတော်တဆဖြစ်ပွားမှုပေါင်း ၁၀၁၂ မှုဖြစ်ပွားခဲ့ပြီး ၇၉ ယောက်သေ၊ ၁၀၅ ၉ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်၊ ဒီအန္တရာယ်ကာလ၊ ပထမ၂ ရက်အတွင်းက ဖြစ်ခဲ့တဲ့ ၁၁၁၅ မှု၊ ၉၁ ယောက်သေ၊ ၁၂၂၅ ယောက်ဒဏ်ရာရတာနဲ့ စာ ရင် အရေအတွက် လျော့သွားတာ တွေ့ရပါတယ်လို့ ကပ်ဘေးတားဆီးကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနတာဝန်ခံ ၀ီဘူး ဆောင်ကွယ်ဖုန် က ပြောပါတယ်။
ချင်းရိုင်းက ကားလမ်းတွေက အန္တရာယ်အများဆုံးဖြစ်ပြီး မတော်တဆဖြစ်ပွားမှု ၃၇ မှုနဲ့ လူ ၄၀ ဒဏ်ရာရခဲ့ပါတယ်။ ဖဲချ ဘူရီ၊ ရွိုင်အစ်၊ ဆာခွန်းနဲ့ဖန်ငပြည်နယ်တွေမှာ အသေအပျောက်အများဆုံးဖြစ်တယ်လို့ ၀ီဘူးက ထပ်ပြောပါတယ်။ ကြာ သာပတေးနေ့က တနိုင်ငံလုံးမှာ ကားလမ်းပေါ်မတော်တဆဖြစ်ပွားမှု ၆၁၉ မှု ရှိပြီး ၅၅ ယောက်သေ၊ ၆၇၀ ဒဏ်ရာရပါ တယ်။ ဖြစ်ပွားမှုတွေမှာ မူးပြီးမောင်းလို့ဖြစ်တာက ၃၉.၄၂% ဖြစ်ပြီး အမြန် မောင်းလို့ဖြစ်တာက ၂၂.၁၃% ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါ့ပြင် ၈၂.၂၀% က မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး ၆.၇၇% က နောက်ဖွင့်ထရပ်ကားတွေဖြစ်တယ်။ လို့ သူကပြောပါတယ်။
ယာဉ်တိုက်မှုတွေရဲ့ ၃၄.၁၁% က ညနေ ၄နာရီကနေ ည ၈ နာရီအတွင်းမှာ ဖြစ်ပွားတာတွေဖြစ်တယ်လို့ ထပ်ပြောပြပါ တယ်။ အခုထိ မတော်တဆဖြစ်ပွားမှု မရှိသေးဘူးလို့မှတ်တမ်းတင်ထားတဲ့ ပြည်နယ်တွေကတော့ ချိုင်ယာဖွန်း၊ အမ်နာ့ ကျရွမ်း၊ နခုန်နရုတ်နဲ့ဆမွတ်ဆုံခရမ် ပြည်နယ်တို့ ဖြစ်တယ်လို့ ၀ီဘူးက ပြောပါတယ်။
တနိုင်ငံလုံးမှာ စစ်ဆေးရေးဂိတ် ၂၅၁၅ ဂိတ်ရှိပြီး အရာရှိ ၆၇,၅၂၁ ယောက် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယာဉ်ပေါင်း ၆၆၂,၉၂၉ စီး ရပ်တန့်စစ်ဆေးခဲ့ပြီး အစီး ၈၀,၂၇၀ ကို ယာဉ်ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရ သူအများစုက ဆိုင်ကယ်ဦးထုပ်မဆောင်းတာနဲ့ လိုင်စင်မဲ့မောင်းလို့ ဖြစ်ပါတယ်။
နှစ်သစ်ကူးကာလမှာ ၀န်ကြီးချုပ်အဖိဆစ်နဲ့ သူ့မိသားစုဟာ တာ့ခ်ပြည်နယ်မှာ နေထိုင်ကြမှာဖြစ်ပြီး၊  ”၅ ရက်တာ အား လပ်ရက်ကာလမှာ လူအတော်များများဟာ အလည်အပတ်ခရီးထွက်ကြမှာဖြစ်လို့ ခရီးစဉ်အားလုံး ဘေးအန္တရာယ်ကင်း စေဖို့ မျှော်လင့်ကြောင်း၊ တကယ်လို့ အရက်သောက်ထားရင်၊ ဒါမှမဟုတ် အိပ်ချင်နေရင် ကားမမောင်းပါနဲ့” လို့ အင်တာ နက် တွစ်တာပေါ်မှာ တင်ထားပါတယ်။
Source:naytthit

No comments:

နေ့မှာ