မူလစာမျက်နှာ

Sunday, 2 January 2011

အစိုးရရဲ့ နှစ်သစ်ကူးလက်ဆောင်

နိုင်ငံလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုမှာ  စီးပွားရေး၊ ဘ၀နေထိုင်မှုအရည်အသွေး၊ ပညာရေး ကိစ္စ တွေက ထိပ်တန်းဦးစားပေး ဖြစ်မယ်။ သော့ချက်ကျတဲ့နယ်ပယ်တွေမှာ ၀န်ကြီးတွေ၊ အလုပ်အဖွဲ့တွေက ကြီးကြပ်ရမယ်။ မငြိမ်မသက် ဖြစ်ပွားမှုအလွန် စစ်တမ်းကောက်ယူလေ့လာမှုအပေါ်အခြေပြုထားတဲ့ လူမှုအဆောက်အအုံ။
ဝန်ကြီးချုပ်အဖိဆစ်ဟာဒီကနေ့မှာ အစိုးရရဲ့ နိုင်ငံလုံးဆိုင်ရာပြုပြင်ပြောင်းလဲရေး စီမံချက်ကို ကြေညာမှာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းက စီးပွားရေး၊ ဘ၀နေထိုင်မှုအရည်အသွေး၊ တရားစီရင်ရေးနဲ့ ပညာရေးတွေအပေါ်မှာ အလေးထားဆောင်ရွက် မှာဖြစ်ပါတယ်။
ဒီနယ်ပယ် ၄ ခုအတွင်း လုပ်ဆောင်မှုတွေကို အာဏာရဒီမိုကရက်ပါတီက အဓိကကျတဲ့ ကက်ဘိနက်အဖွဲ့ဝင် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး ခေါန်ချတိက၀မ်နိ၊ ၀န်ကြီးချုပ်ရဲ့အတွင်းရေးမှူးချုပ်ဟောင်း ကော့ဆက် ဆာဘ၀ဆု၊ ၀န်ကြီး ချုပ်ရုံးဝန်ကြီးတွေဖြစ်တဲ့ ဆတစ်နဲ့အုန်းအာ့ကလမ်ဖိုင်ဘွန်း ကြီးကြပ်ရပါမယ်။ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ၀န် ကြီးချုပ်က ကြီးကြပ်မှာဖြစ်ပြီး စီးပွားရေးကဏ္ဍမှာ ခေါန်နဲ့ကော့ဆက် တို့က ကြီးကြပ်မှာဖြစ်ပါတယ်။
ဆတစ်ကတော့ ဘ၀နေထိုင်မှုအရည်အသွေးနဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေမြင့်မားရေးမှာ တာဝန်ယူမှာဖြစ်ပြီး အုန်းအာ့ က တရားစီရင်ရေးစနစ်တိုးတက်ရေးမှာ ကြီးကြပ်မှာ ဖြစ်တယ်လို့် ဆတစ်က ပြောပါတယ်။ ဆတစ်ဟာ အစိုးရရဲ့ ထိုင်း နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီမှာ ဥက္ကဋ္ဌ တာဝန်ယူနေပါတယ်။ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ အကောင်အထည်ဖော် ရေးက ဒီလမှာ စတင်နိုင်မှာဖြစ်တယ်လို့ သူက ထပ်လောင်းပြောပါတယ်။
ဒီပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို အစိုးရကဆောင်ရွက်ခဲ့တဲ့ “၆ ရက်၊ ၆၃ သန်းစိတ်ကူးများ” လှုပ်ရှားမှုအပေါ်မှာ အခြေ ပြုထားပါတယ်။ ဒီလှုပ်ရှားမှုကို နိုင်ငံရေး မငြိမ်မသက်မှုတွေဖြစ်အပြီး စစ်တမ်းကောက်ယူမှုမှာ အစိုးရအေဂျင်စီတွေက တ နိုင်ငံလုံးက ပါဝင်ဖြေကြားသူ ၁၀၀,၀၀၀ အပေါ်မှာ အခြေပြု လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဖြေကြားသူအများစုက ဒီ နယ်ပယ် ၄ ခုကို ထိပ်တန်းဦးစားပေးအနေနဲ့ သတ်မှတ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။ ကက်ဘိနက်က စဉ်းစားဖို့ အတွက် ဒီကိစ္စကို ၀န်ကြီးချုပ်က တင်သွင်းခဲ့ပြီး နယ်ပယ် ၄ ခုမှာ ကြီးကြပ်ဖို့ အလုပ်အဖွဲ့ ၄ ဖွဲ့ကို ဖွဲ့ဖို့ သဘောတူတယ်လို့ ဆတစ်က ပြောပါတယ်။
အကောင်အထည်ဖော်ရေးစီမံကိန်းကို အပြီးသတ်လုပ်ဆောင်ပြီးလို့ ဒီကနေ့မှာ အဖိဆစ်က ပြုပြင်ပြောင်းလဲရေး စီမံချက် ကို ကြေညာမှာဖြစ်ပြီး အသေးစိတ်ကိုတော့ လာမယ့် ဇန်န၀ါရီလ ၉ ရက်နေ့မှာ ရှင်းပြမှာ ဖြစ်တယ်လို့ ဆတစ်က ပြောပါ တယ်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ နေထိုင်မှုစရိတ်လျှော့ချရေး၊ မော်တော်ဆိုင်ကယ်အငှားမောင်းသူတွေ၊ မော်တော်ယာဉ် မောင်းသူတွေနဲ့ လမ်းဘေးဈေးသည်တွေလို လူမှုဖူလုံရေးစောင့်ရှောက်မှု မခံစားရတဲ့ ၀င်ငွေနည်းသူတွေကို ကူညီရေး စ တာတွေကို အလေးပေးဆောင်ရွက်မှာ ဖြစ်ပါတယ်။ တခြားစီမံချက်တွေမှာ ကုန်ဈေးနှုန်း၊ စွမ်းအင်နဲ့ ဓါတ်ငွေ့ဈေးနှုန်းတွေ ထိန်းချုပ်ရေး၊ ၀င်ငွေနည်းသူတွေကို အရေးပေါ် ဘဏ်ချေးငွေ ထုတ်ပေးရေး၊ အငှားမော်တော်ဆိုင်ကယ်မောင်းသူတွေကို မှတ်ပုံတင်စာရင်းသွင်းဖို့ အားပေးရေး၊ လမ်းဘေးဈေးသည်တွေကို နယ်မြေသတ်မှတ်ပေးရေးနဲ့ အငှားကားမောင်းသူတွေ ကို ရဲက လာဘ်ယူနေတာကနေ အကာအကွယ်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ဘ၀အရည်အသွေးပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံသားအားလုံးအတွက် လူမှုသက်သာချောင်ချိရေး၊ မြေယာ စီမံခန့်ခွဲမှုနဲ့ ရာ ဇ၀တ်မှုနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးတို့ ပါဝင်မှာ ဖြစ်ပါတယ်။ သက်သာချောင်ချိရေးခံစားခွင့်တွေကို ကလေးအသက် ၂ နှစ်ထိ ရှိတဲ့ မိခင်တွေကို ပေးမှာဖြစ်ပါတယ်။ လောလောဆယ်ဆယ် ဘာမှမရှိ သေးတဲ့ တိုက်နယ်တွေမှာ ကလေးထိန်း ကျောင်းတွေဖွင့်ဖို့ ဒါတွေကို ကုမ္ပဏီကတာဝန်ယူဆောင်ရွက်တဲ့ စီမံကိန်းတွေအနေနဲ့ အလေးထားဆောင်ရွက်ကြဖို့ ပုဂ္ဂ လိက ကုမ္ပဏီတွေကို အားပေးမှာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ မသန်မစွမ်းသူတွေအတွက် လစဉ်ထောက်ပံ့ကြေး ဘတ် ၅၀၀ ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပြီး နာရေးအသင်းဝင်တွေရဲ့ဆွေမျိုးတွေသေဆုံးခဲ့ရင် သက်ဆိုင်သူတွေကို လျော်ကြေးပေးမှာ ဖြစ်ပါတယ်။
ရာဇ၀တ်မှုနဲ့ တရားမ၀င်ဆေးဝါးနဲ့ပတ်သက်လို့ နယ်ပယ်အလိုက်၊ ဒေသအလိုက် ဖြစ်လေ့ရှိတဲ့ ရာဇ၀တ်မှုတွေ၊ မူးယစ် ဆေးဝါးကုန်သွယ်မှုစတဲ့ စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းဖို့ အချက် အလက်စုဆောင်းရေးအဖွဲ့ တွေ ဖွဲ့စည်းပါမယ်။ ကင်းလှည့်ရဲအရာရှိတွေ တာဝန်ပိနေတာတွေကိုလျှော့ချရေးမှာ ကူညီဖို့ စေတနာ့ဝန်ထမ်းလုပ်အား ပေးတွေကို ဗဟိုက လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ရာဇတ်ဝတ်မှုတွေ စောင့်ကြပ်ကြည့်ရှုဖို့ ကယ်ဆယ်ရေးအဖွဲ့တွေလို သက်ဆိုင်ရာအဖွဲ့တွေနဲ့ အွန်လိုင်းကွန်ယက်တွေ တည်ထောင်ပါမယ်။
မြေယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံတော်ပိုင်မြေယာကွက်တွေထဲ ၀င်ရောက်ကျူးကျော် လုပ်ကိုင်လို့ တ ရားစွဲဆိုခံထားရတဲ့သူတွေကို အကူအညီပေးရေး ဦးစားပေးလုပ်ဆောင်ပါမယ်လို့ ဆတစ် က ပြောပါတယ်။ စိုက်ပျိုးရေး အတွက်သင့်တော်တဲ့ မြေနေရာတွေထိန်းသိမ်းဖို့ အထူးစိုက်ပျိုးရေးဇုံတွေ ပုံဖော်မှာ ဖြစ်ပါတယ်။ ဒီလိုမြေမျိုးတွေကို စက်ရုံ တွေနဲ့ ဂေါက်ကွင်း လုပ်မပစ်ဖို့ အကာအကွယ်ပေးပါမယ်။
အွန်းအာ့ကြီးကြပ်တဲ့ တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုက ရဲဖွဲ့စည်းပုံပြောင်းလဲဖို့မဟုတ်ဘဲ ရဲတွေရဲ့လုပ်ဆောင်မှုကို တိုး တက်မှုရှိအောင် အလေးထား လုပ်ဆောင်မှာဖြစ်ပါတယ်။ တရားရုံးကိုရောက်လာတဲ့ အမှုအရေအတွက်လျှော့ချဖို့အတွက် ရပ်ကွက်၊ ကျေးရွာလူမှုအသိုင်းအ၀ိုင်းတွေအကြား အငြင်းပွားမှုတွေ ဖြေရှင်းရေးတွေကို အားပေးလုပ်ဆောင်မှာဖြစ်တယ် လို့ ဆတစ်က ပြောပါတယ်။
ဝန်ကြီးချုပ် အဖိဆစ် ကြီးကြပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုမှာ တရားဝင်ကျောင်းစနစ်အပြင်ဖက်က ကလေးတွေနဲ့ ကျောင်းထုတ်ခံရတဲ့ အရွယ်ရောက်သူတွေလူငယ်တွေ စတဲ့ အုပ်စု ၂ ခု အပေါ်မှာ အလေးထား ဆောင်ရွက်တာတွေ ပါ ၀င်ပါတယ်။ ဒီလူတွေ ပညာရေးမှာ ပိုမိုကောင်းကောင်းမွန်မွန် သင်ကြားနိုင်ရေးကို ပိုပြီးကြိုးပမ်းအားထုတ်မှာ ဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းလုပ်တဲ့ ဆရာတွေကို အထူးလစာတွေနဲ့ မက်လုံးတွေလည်း ပေးမှာ ဖြစ်ပါတယ်။
Source: naytthit

No comments:

နေ့မှာ