မူလစာမျက်နှာ

Sunday, 30 January 2011

ဆရာရာဂျန်ရဲ့ ဇနီး ဒေါ်မိမိ (၉ ၃) နှစ် ဈာပနာသဂြိုဟ်ပြီးစီး

ဇန်န၀ါရီ ၃၀၊ ၂၀၁၁
ဇန်န၀ါရီ ၂၆၊ ည ၉  နာရီ ၄၀ မိနစ်က တောင်ဥက္ကလာပမြို့နယ်၊ ၉  ရပ်ကွက်၊ ဇာနည် ၁၅ လမ်း၊ (အထက်)၊ အမှတ် ၄၉၉  မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဒေါ်မိမိ (၁၉ ၁၈ - ၂၀၁၁) ရဲ့ ဈာပနကို ဇန်န၀ါရီ ၂၈၊ ညနေ ၅ နာရီအချိန်မှာ ရေဝေးသုဿန်မှာ မီးသဂြိုဟ် ပြီးစီးခဲ့ပါတယ်။
@font-face { font-family: "Times New Roman"; }@font-face { font-family: "Zawgyi-One"; }p.MsoNormal, li.MsoNormal, div.MsoNormal { margin: 0in 0in 0.0001pt; font-size: 12pt; font-family: "Times New Roman"; }table.MsoNormalTable { font-size: 10pt; font-family: "Times New Roman"; }div.Section1 { page: Section1; }





ဒေါ်မိမိဟာ ၁၉၁၈ သထုံမြို့မှာ မွေးဖွားခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ၁၉ ၄၅ ခုနှစ် သထုံမြို့မှာ ဖက်ဆစ်ကင်ပေတိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရဘူးပါတယ်။ ကင်ပေတိုင်တွေရဲ့ အချူပ်ခန်းက လွတ်မြောက်လာပြီး ၁၉ ၄၆ မှာ ဖက်ဆစ်တော်လှန်ရေးသမား ဆရာရာဂျန်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။
            ဆရာရာဂျန်နဲ့ အတူ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေမှာ အတူ ပါဝင်ခဲ့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့် မရတော့တဲ့ ၁၉ ၄၈ မတ်လ ၂ ရက်နေ့မှာ ဆရာရာဂျန်နဲ့အတူ တောခိုရာတွင် လိုက်ပါခဲ့ပြီး ပြည်သူဒီမိုကရေစီတော်လှန်းရေး မှာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။
            ၁၉ ၅၂ မှာ မြေပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး သားငယ်၊ သမီးငယ်များနဲ့ အတူ ပခုက္ကူမြို့မှာ နေထိုင်ခဲ့ပါတယ်။ ထိုစဉ်က ဆရာရာဂျန်ဟာ တောတွင်းမှာ တော်လှန်ရေးလုပ်ငန်းများနဲ့ အတူ ကျန်ရစ်ခဲ့ပါတယ်။
            ၁၉ ၆၀ ပေါက်မြို့တိုက်ပွဲမှာ ဆရာရာဂျန်ကို တိုက်ပွဲမှာ ဖမ်းဆီးမိခဲ့ပြီး ဖဆပလ အစိုးရရဲ့ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ၁၉ ၆၃ ခုနှစ်မှာ သေဒဏ်အမိန့်ကို ပယ်ဖျက်ခြင်း ခံရကာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး တနှစ်အကြာမှာ တော်လှန်ရေးကောင်စီ (မဆလ တပါတီ စစ်အစိုးရ) ရဲ့ ဖမ်းဆီးခြင်း ခံရပြီး ကိုကိုးကျွန်းသို့ ပို့ခြင်းခံခဲ့ရပါတယ်။ ၁၉ ၇၂ မှာ ဆရာရာဂျန်ဟာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။



             ထိုကာလတလျောက်လုံးမှာ ဒေါ်မိမိဟာ သားသမီးများနဲ့အတူ ရုန်းကန်ခဲ့ရပြီး အိမ်ထောင်သက် ၃၉  နှစ်မှာ ၁၉  နှစ် ခန့်သာ ဆရာရာဂျန်နဲ့ အတူနေခဲ့ပေမယ့် ဆရာနဲ့အတူ အေးအတူ ပူအမျှ ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲတလျောက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
            ဒေါ်မိမိ ကွယ်လွန်ချိန်မှာ သမီး ဒေါ်သန်းဝင်း၊ သားအရှင် ဓမ္မရက္ခိတ၊ ဦးဇော်ဝင်း အပါအ၀င် မြေး ၁၀ ယောက်၊ မြစ် ၅ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဆရာရာဂျန်၏ သမီး ဒေါ်သန်းသန်းဝင်းရဲ့ ခင်ပွန်း ဦးသိန်းတင်ဟာ အင်န်အယ်ဒီ ပါတီ စတင်ထူထောင်ချိန်မှ စတင်ပြီး ရန်ကုန်တိုင်းစည်းရုံးရေးတာဝန်များ ထမ်းဆောင်ရင်း ၁၉ ၉ ၇ ခုနှစ်မှာ အဖမ်းခံခဲ့ရပါတယ်။ ၁၉ ၉ ၈ ဖေဖော်ဝါရီ ၁၈ ရက်မှာ အသည်းကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။
            ဒေါ်မိမိအတွက် ရက်လည်ဆွမ်းကျွေး အလှူကို တောင်ဥက္ကလာပနေအိမ်မှာ ဖေဖော်ဝါရီ ၁ရက် နံနက် ၇ နာရီ က ၁၀ နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။



 
Source:moemaka

No comments:

နေ့မှာ