မူလစာမျက်နှာ

Thursday, 23 December 2010

ရှေ့တန်းစစ်မျက်နှာအတွက် UWSA အထူးတပ်မဟာတခုတိုးချဲ့ဖွဲ့စည်း

စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ လက်နက်ချ ရမည်ဟု နအဖစစ်အုပ်စု ရာဇဒဏ်ပေးပြီးနောက်ပိုင်း ဝ ပြည်သွေးစည်းညီညွှတ် ရေး တပ်မတော်တွင် အရေးကြီး ရှေ့တန်း စစ်မျက်နှာအတွက် အထူးတိုက်ခိုက်ရေး တပ်မဟာတခု တိုးချဲ့ဖွဲ့စည်းထားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
တပ်မဟာ ၆၁၈ တပ်မဟာမှူး ပေါက်ဆမ်ရိုင်း
“ အရင်တုန်းက ကျနော်တို့ မြောက်ပိုင်း ဝ နယ်မှာ တပ်မဟာ ၃ ခု ရှိတယ်။ စစ်ရေးတင်းမာမှုတွေဖြစ်ပြီးနောက် ပိုင်းအရေးကြီးတဲ့ နယ်ခြားမျဉ်းတလျှောက် အထူးတိုက်ခိုက်ရေးအတွက် တပ်မဟာသစ်တခု ထပ်မံတိုးချဲ့ဖွဲ့စည်း ထား ရတာဖြစ်တယ်” - ဟု ယခု ရက်ပိုင်း မိုင်းမော UWSP ပါတီညီလာခံတက်ရောက်သူ ဝ တပ်မှူးတဦး ကပြောပါ သည်။

မြောက်ပိုင်း ဝ နယ်၌ ရှိရင်းစွဲတပ်မဟာ ၃ ခုအပြင် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် တပ်မဟာ ၆၁၈ သည် အထူးရှေ့ တန်းစစ်မျက်နှာ ဖြစ်သည့် မန်းဆိုင် နှင့် နောင်ခစ်မြို့နယ် ဒေသတွင် ထိန်းချုပ်တာဝန်ယူရကြောင်း၊တပ်မဟာ ၆၁၈ တပ်မဟာမှူးမှာ ပေါက်ဆမ်ရိုင်း ဖြစ်ကြောင်း၊  နအဖ ထိန်း ချုပ်နယ်မြေ (သံလွင်အနောက် ခြမ်း)တန့်ယန်းမြို့နယ်နှင့် မျက်နှာခြင်းဆိုင်ဖြစ်ကြောင်း၊ (သံလွင်အ ရှေ့ခြမ်း) တာ့ကောင်းအက်တံတားအလွန် နအဖ၏အကြီး ဆုံးခံတပ် လွယ်ပန်လုံတ၀ိုက်ဖြစ်ကြောင်း၊ ထိုခံတပ်နှင့်အပြိုင်အရေး ကြီးဆုံးရှေ့ပြေး လွယ်ပန်ဇုံ ဝ ခံတပ်ကိုဤ တိုးချဲ့ဖွဲ့စည်း လိုက်သည့် တပ်မဟာသစ် ၆၁၈ က တာဝန်ယူရကြောင်း ဆိုပါသည်။       

“ဒီညီလာခံကနေ ဆုံးဖြတ်ပြီး ဖွဲ့စည်းတာမဟုတ်ဘူး၊ စက်တင်ဘာလ ကတည်းကထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ၊ စစ်ရေးတာဝန်ယူ လာတာ ၃ လလောက်ရှိပါပြီ”
- ဟု ဆက်၍ ပြောပြပါသည်။

လက်ရှိ ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးကြောင်းပန်ဆန်း ဌာနချုပ် ၀ အရှိကြီးတဦးက ယခုကဲ့သို့ပြောပါသည်။

“မိုင်းမောမှာပြည်သူ့စစ်တပ်မဟာ ၉၁၆ ရှိတယ်၊လက်အောက်ခံတပ်ရင်းက ၁၁ ရင်း၊ ၀ိန်းကောဝ်မြို့နယ် တပ်မဟာ ၉၁၇ အောက် မှာ  ၅ တပ်ရင်း၊ မိုင်းပေါက်က ၉၁၈ က ၅ ရင်း၊ နောက်ပြီး တောင်ပိုင်း ဝ နယ် မိုင်းယွန်း မှာ လဲရှိသေး တယ်၊ အဲဒါတွေက မိမိရပ် ရွာကိုကာကွယ်တဲ့ ဒေသခံလူထုတပ်ဖွဲ့တွေဘဲ”


ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈ အပြင်  တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။

No comments:

နေ့မှာ