UWSP ဝ ပြည်သွေးစည်းရေးပါတီ ဒီမိုကရေစီရွေးကောက်ပွဲတက်ရောက်သူ ရှောက်မင်လျဲန် ( တတိယမြောက် ပုဂ္ဂိုလ် )
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ မိုင်းမောခရိုင် ညီလာခံတွင် ဝ ပြည်နယ်အစိုးရ ဒုသမတနှင့် UWSP ဒု အတွင်းရေး မှူးရှောက်မင်လျဲန်က အဓိက ၆ ချက်မိန့်ခွန်းချွေခဲ့ကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်နှင့်လက်ရှိစစ်အစိုးရ တို့အကြား ကွာခြားမှုမှာယူနီဖောင်းဝတ်စုံသာဖြစ်ကြောင်း၊ သို့သော်အစိုးရသစ်နှင့်ဆွေးနွေးရန် ဆက်ဆံရေးကော် မတီစေလွှတ်လိုကြောင်း၊မိမိတို့ UWSP/UWSA သည်ပြည်တွင်းစစ်ကိုဆန့်ကျင်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး အတွက် အခြေခံရပ်တည်ကြောင်း၊ ငြိမ်းချမ်းရေးမပျက်ပြားရန် အထူး ထိန်းသိမ်းစောင့် ရှောက်သွားမည်ဖြစ်ပြီး ဖွံ့ဖြိုး တိုးတက် ရေးအတွက်တစိုက်မတ်မတ်ကြိုး စားသွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်ဟုဆို၏။
“ကျနော်တို့ ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီမှာ ပါတီဝင် ၇၅၀၀ ရှိတယ်၊ ပါတီအထွေထွေအတွင်းရေးမှူးက ဦးပေါက်ယူချမ်း၊ ဒု အတွင်းရေးမှူးက ရှောက်မင်လျဲန်၊ နိုင်ငံရေး အတိုင်အပင်ခံကွန်ကရက် ဥက္ကဌ က ဗိုလ်လာခမ်း” - ဟု ညီလာခံတက်ရောက်သူ ပန်ဆန်းမှအရာရှိတဦးက ပြောပါသည်။
UWSP မဲပေးနေပုံ
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP သည် နအဖစစ်အုပ်စု ပြီးလျှင် (အင်အားသောင်းချီရှိ ) ဒုတိယ အင်အား အကြီးဆုံး ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် UWSA ကို ဦးဆောင်ဦးရွက်ပြုနေသည့် ပါတီဖြစ်သည်။
No comments:
Post a Comment