December 22nd, 2010
ဒီနေ့ဟာ ကမ္ဘာမြေရဲ့မြောက်ကမ္ဘာခြမ်းမှာတော့ နေ့တာအတိုဆုံးနေ့ရက်တရက်ဖြစ်ပြီး ဥရောပစံတော်ချိန် နံနက် ၆ နာရီ ၃၈ မီးနစ်မှာ ဆောင်းရာသီရဲ့ပထမဆုံးနေ့ရက်တွေကိုစတင်ဝင်ရောက်လာတဲ့ ဆောင်းယဉ်စွန်းတန်းရဲ့ အစလည်း ဖြစ်ပါတယ်။
ဒီတခါတမူထူးခြားတဲ့ လကြတ်တာက လကို ပန်းရောင်၊ ကြေးနီရောင်၊ သွေးနီရောင်တွေ အဖြစ်ပြောင်းသွားတာကြောင့် မြောက်အမေရိကားတိုက်နဲ့ ဥရောပတိုက်က မိုးကောင်း ကင်စောင့်ကြည့်သူတွေဟာ အင်္ဂါနေ့အစောပိုင်းမှာ ကမ္ဘာမြေ အပြင်ဖက်က လမင်းကြီး အနီးကပ် ဆုတ်ခွာလက်ပြသွားတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် လေးရာစုနှစ်နီးပါးမှာ တကြိမ်သာဖြစ်ခဲတဲ့ ကမ္ဘာ့မြောက်ခြမ်းရဲ့ ဆောင်းလယ်ကာလ နေမင်းကြီး အနီးဆုံးရောက်ရှိတဲ့ ဆောင်းယဉ်စွန်းတန်း အချိန်အခါ သမယ ဖြစ်နေပါတယ်။ “မယုံနိုင်စရာပဲ၊ တယ်လီစကုပ်နဲ့ ဆိုတော့ ကပ်ရက်မြင်နေရ တယ်။ လကိုတင်မကဘူး၊ စနေဂြိုလ်ကိုပါ မြင်ရတာဖြစ်တယ်” လို့ အိုက်စလန်သား တ ယောက်က ပြောပါတယ်။ လကြတ်တာက ဒီမှာ ၂နှစ်၃နှစ်မှ တကြိမ်ဖြစ်ပေမဲ့လည်း လူ နည်းနည်းလောက်ပဲ မြင်ဖူး တာ။ လို့ သူက ရှင်းပြပါတယ်။
လကြတ်တာက ဆောင်းယဉ်စွန်းတန်းကျတဲ့ရက်နဲ့ တထပ်တည်းဖြစ်နေတာက အရမ်း ရှားတယ်။ ဒါမျိုးက ၂၀၉၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် ကျမှာသာ နောက်တကြိမ် ဖြစ်မှာ ဖြစ်တယ်လို့ အမေရိကန်ရေကြောင်း လေ့လာရေးဌာနက ဂျက်ဖ်ချက်စ်တာ က အမျိုး သားလေကြောင်းသိပ္ပံနဲ့အာကာသအုပ်ချုပ်မှုဌာန (နာဆာ NASA) ကို ကိုးကားပြောဆို သွားပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့အချိန်က ၁၆၃၈ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ဖြစ်ပါ တယ်။
No comments:
Post a Comment