မူလစာမျက်နှာ

Saturday, 11 December 2010

အရေးပေါ်ဒီကရီ ရုတ်သိမ်းပြီး အဆုံးသတ်ဖို့ စည်းဝေး

အရေးပေါ်အခြေအနေဆုံးဖြတ်ရေးဗဟိုဌာန က ကျန်ပြည်နယ်အကုန်လုံးမှာ အရေးပေါ် ဒီကရီအဆုံးသတ်ရေးအဆိုပြုဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆားန်ခေါကမ်နာ့ဒ်က တနေ့က ပြောလိုက်ပါတယ်။
“အရေးပေါ်အခြေအနေ အဆုံးသတ်သွားပြီဆိုရင် နှစ်သစ်ကူးပွဲတော်မှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် ပျော်နိုင်မှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။ အမျိုးသားလုံခြုံရေး ကောင်စီအတွင်းရေးမှူးချုပ် ထ၀င်ပလီးန်စရီ က ဒီကိစ္စကို ၀န်ကြီးချုပ် ဆုံးဖြတ်နိုင်ဖို့ ကက်ဘိနက် ကို တင်သွင်းမှာဖြစ်ပါတယ်။ ငြိမ်ဝပ်ပိပြားရေးကိုအာမခံဖို့ ပြည်တွင်းလုံခြုံ မှု စစ်ဆင်ရေး အမိန့်ပေးဌာနရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာ စီမံကိန်းနဲ့အတူ အဆိုပြုချက်ကို တင်သွင်းမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။ အမျိုးသားလုံခြုံရေး စီ မံချက်ကို ပြင်ပြီးပါပြီ၊ ဖြစ်နိုင်ရင်တော့ အင်္ဂါနေ့မှာ အဆိုပြုချက်ကို တင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အရေးပေါ် ဒီကရီအမိန့်ဟာ နိုင်ငံရေးဝရုန်းသုန်းကားအခြေအနေတွေနဲ့ သက်ဆိုင်ပြီး ဘန်ကောက်၊ ဆမွတ်ဖရာကန်၊ နုံထဘူရီနဲ့ပထွမ်ထနီ ဒေသတွေမှာ အခုထိ သက်ဝင်မှုရှိ နေတုန်း ဖြစ်ပါတယ်။ ပြည်နယ်တွေအကုန်လုံးမှာ ဒီအမိန့်ရုတ်သိမ်းပြီးတာနဲ့ ချက်ချင်း အရေးပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုဌာနဟာ အလိုအလျောက် အဆုံးသတ်သွားမှာ ဖြစ်ပါတယ်လို့ ဆန်ဆားန်က ပြောပါတယ်။
ဒီအတောအတွင်း အခြေခံဥပဒေနေ့ကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီကျောက် တိုင်မှာ ရှပ်နီတွေ စုရုံးကြမှာဖြစ်ပြီး၊ “ညနေ ၅ နာရီကနေ ၈ နာရီထိ အခမ်းအနားကျင်းပ ကြမှာဖြစ်တယ်” လို့ သူက ပြောပါတယ်။

No comments:

နေ့မှာ